27 C
Yangon

မိုးညှင်းမြို့နယ်တွင် အောင်သ‌ပြေရပ်ကွက်အုပ်ချုပ်ရေးမှူးနော်လာ၊ ရဲတပ်ဖွဲ့နှင့် စီးပွား ရေးသမားများ ပူးပေါင်းပြီး မူးယစ်ဆေးဝါးနှင့်လောင်းကစားစင်တာများစွာ ဖွင့်လှစ်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် အောင်သ‌ပြေရပ်ကွက်အုပ်ချုပ်ရေးမှူးနော်လာ၊ ရဲတပ်ဖွဲ့နှင့် Romantic စားသောက်ဆိုင်ပိုင်ရှင်အကျဲ(ခေါ်)တရုတ်မ တို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးနှင့်လောင်းကစားစင်တာ ဖွင့်လှစ်နေကြောင်း မိုးညှင်းမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကချင်ပြည်နယ် မိုးညင်းခရိုင်၊ မိုးညှင်းမြို့ အောင်သပြေရပ်ကွက် အများပြည်သူအသုံးပြုသည့် ပြည်သူ့အားကစား ဘောလုံးကွင်းဘေးကပ်လျက်တွင် ဖွင့်လှစ်ထားသော Romantic စားသောက်ဆိုင်တွင် မူးယစ်ဆေးဝါးလောင်းကစားမျိုးစုံ ဝိုင်း၂၀ကျော်နှင့် မူးယစ်ဆေးဝါးမျိုးစုံ ရောင်းဝယ်ဖောက်ကားမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးနှင့် လောင်းကစားစင်တာမှာ အောင်သ‌ပြေရပ်ကွက်အုပ်ချုပ်ရေးမှူးနော်လာနှင့်ရဲတပ်ဖွဲ့တို့ကပါ ပူးပေါင်းပါဝင်ကြောင်း သိရှိရသည်။

“တစ်နေ့ကို လူငယ် ၁၀၀ ကျော်ကနေ ၂၀၀ နီးပါး ပွဲတော်ကြီးလို စည်ကားနေတာ။ အဓိက ရိုမန့်တစ်စားသောက်ဆိုင်ပိုင်ရှင် အကျဲ(ခေါ်)တရုတ်မနှင့် ညွန့်လူတို့က အောင်သ‌ပြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနော်လာတို့ ပူးပေါင်း ဖွင့်လှစ်ကြတာ။ ဘယ်သူမှလည်း မဖမ်းဘူး။ ရဲတွေကလည်း လိုင်းကြေးယူထားတယ်”ဟု မြို့ခံတစ်ဦးက ရှင်းပြသည်။

အဆိုပါ လောင်းကစားနှင့်မူးယစ်ဆေးဝါး စင်တာများ ဖွင့်လှစ်ရန်အတွက် လိုင်းကြေး အဖြစ် ၁ လလျှင် ငွေကျပ် သိန်း ၃၀ ဆက် ကြေးပေးရကြောင်း၊ မိုးညှင်းမြို့လယ်ကောင် သာစည်ရပ်ကွက် သံလမ်းအကျော် ရွှေကချင်ကားဂိတ်အနီး A-3 အမည်ဖြင့်လည်း လောင်း ကစားနှင့် မူးယစ်ဆေးဝါးရုံများ နှစ်ရှည်လများစွာ ဖွင့်လှစ်နေကြောင်း သိရှိရသည်။

“မူးယစ်ဆေးဝါးနဲ့ လောင်းကစားရုံတွေ ဖွင့်လှစ်တဲ့အတွက် မိုးညှင်းမြို့မှာ နေ့ညမရှောင်ခိုးဆိုးလုနိုက်မှုတွေ ပေါလာတယ်။ လူငယ်တွေ အကျင့်စာရိတ္တပျက်ပြားလာတယ်။ မူးယစ်ဆေးဝါးမျိုးစုံ ရောင်းချသုံးစွဲသူတွေ ပေါများလာလို့ ကျောင်းသားကျောင်းသူတွေအကျင့် စာရိတ္တ ပျက်စီးလာတယ်။ လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံဝင်ထွက်သွားလာနေတော့ အား လုံးကို ကြောက်နေရတယ်” ဟု မိုးညှင်းမြို့မှ ကျောင်းသားမိဘတစ်ဦးက ရှင်းပြ သည်။

အဆိုပါ လောင်းကစားနှင့်မူးယစ်ဆေးဝါး စင်တာများ၊ ရုံများကို အရေးယူပေးရန် တိုင်ကြားသော်လည်း ထိရောက်သော အရေးယူမရှိဘဲ ဆက်လက်ဖွင့်လှစ်နေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article