27 C
Yangon

ရေးမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈

မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်း အောင်သပြေကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း Mon State Revolutionary Force – MSRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀နာရီခန့်အချိန် ရေးမြို့နယ် မြောက်ပိုင်း အောင်သပြေကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ဖက်တပ်များတိုက် ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးကာ ၆ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ မွန်ပြည်တော် လှန်ရေးတပ် မှ တပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေး ၃ ယောက်ထက်မက သေဆုံးတယ်လိုတော့ ကျမတို့ စုံစမ်းသိရှိရပါတယ်။ အတိ အကျကိုတော့ စုံစမ်းနေဆဲပါ။ ဒဏ်ရာရတဲ့ ၆ ယောက်ထဲမှာ ၃ ယောက်ကတော့ အပြင်း အထန် ဒဏ်ရာရထားပါတယ်။ခမရ ၅၈၈၊ ခလရ ၁၀၆၊ အမတ ၃၁၇ တပ်ရင်း ၃ ခုပေါင်းစစ်ကြောင်းထိုးလာတယ်လို့ ယူဆရပါတယ်။ စစ်ခွေးဘက် လက်နက်ခဲယမ်းတွေ သိမ်း ဆည်းရမိတာမျိုး မရှိပါဘူး”ဟု Mon State Revolutionary Force – MSRF မှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါတိုက်ခိုက်မှုကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန ကွပ်ကဲမှု‌ အောက်ရှိတပ်များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ရေးပြည်သူ့ကာ ကွယ်ရေးတပ် (YPDF) က ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။\

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article