စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်းတွင် တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး ကျ ဆုံးကာ ပြည်သူ ၂ ဦးကိုလည်း စစ်တပ်က နှိပ်စက်သတ်ဖြတ်သွားကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းက ကောလင်းမြို့နယ်အရှေ့ခြမ်း၊ ချဉ်ပစ်ပုံကျေးရွာသို့ ပစ်ခတ်ကာ ဝင်ရောက်လာသော စစ်တပ်စစ် ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း၊ ထို့နောက် တောင် မော်ကျေးရွာသို့ ဆက်လက်ဝင်ရောက်လာစဉ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရ သည်။
“ရဲဘော် ၁၀ ဦးကျတယ်။ ဝန်းသိုမြို့နယ် ပကဖ ရဲဘော် ၇ ဦးက ကာကင်းလုပ်နေတာ မိပြီး သတ် ဖြတ်ခံရတာပါ။ ကျန်တဲ့ ၃ ဦးက ချဉ်ပစ်ပုံဈေးမှာ ထိပ်တိုက်ပစ်ကြရင်း ကျဆုံးတာ။ ပြီးတော့ ပြည် သူ အမျိုးသားတစ်ဦးကိုလည်း နှိပ်စက်သတ်ဖြတ်သွားတယ်၊ အလောင်းရထားတယ်။ ဒေသခံ မဟုတ် ဘူး။ ပြည်သူကတော့ ပြည်သူပါပဲ၊ ဘယ်ကလည်းတော့ မသိရသေးဘူး။” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ဝန်းသိုမြို့အခြေစိုက် ခမရ ၁၁၁ နှင့် ခမရ ၁၂၀ တပ်ရင်း တို့မှ ပူးပေါင်းထားသည့် စစ်ကြောင်းဖြစ်ပြီး ဇန်နဝါရီလ ၁၅ ရက်နေ့က ဝန်းသိုမြို့နယ်၊ ညောင်ပင် သာကျေးရွာ၊ ညောင်ကိုင်းကျေးရွာတို့မှတဆင့် ကောလင်းမြို့နယ်၊ ချဉ်ပစ်ပုံကျေးရွာ၊ တောင်မော် ကျေးရွာတို့ကို ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်စစ်ကြောင်းသည် တောင်မော်ကျေးရွာသို့ ဝင်ရောက်ကာ ညအိပ်စခန်းခဲ့ပြီး အနီးအနားပတ်ဝန်းကျင်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့ကြောင်း သိရသည်။
စစ်တပ်က စစ်ကြောင်းထိုးရာလမ်းကြောင်းတလျှောက်ရှိ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခဲ့ရာ မြေ နီကျေးရွာနေ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်နှင့် အပ်ချုပ် ဆိုင် တစ်ဆိုင်တို့ကိုလည်း စစ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ တောင်မော်ကျေးရွာ တောင်ရိုး အရှေ့ဘက်ရှိ ဒေသအခေါ် တောင်ညိုကြီးသို့ ရောက်ရှိနေကြောင်း သိရသည်။






