30 C
Yangon

မြိုင်နှင့် ပခုက္ကမြို့ပေါ်ရှိ ရဲစခန်းနှင့် စစ်တပ်ဂိတ်တို့ကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် ထိုင်ချတပ်စွဲထားသော မြို့မ ရဲစခန်းကို ၂ ကြိမ်တိုင်တိုင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Salingyi Revolution Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ နှင့် ဇန်နဝါရီလ ၁၄ ရက်နေ့တို့တွင် မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် ထိုင်ချတပ်စွဲထားသော မြို့မ ရဲစခန်းကို ၂ ကြိမ်တိုင်တိုင် S.R.A Salingyi Revolution Army ရဲဘော်များက ၆၀ မမ လက်နက်ကြီး အလုံး ၃၀ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက် စစ်သား ၅ ဦးသေဆုံးကြောင်း သိရှိရသည်။

“မြိုင်မြို့ပေါ်ရှိ ရဲစခန်းကို တိုက်ခိုက်ခဲ့တာပါ။ ဇန်နဝါရီလ ၁၁ ရက်နေ့နဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့တွေမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ၂ရက်ပေါ့။ စစ်ခွေး အင်အားက ၇၀ နဲ့ ၈၀ ဝန်းကျင်လောက်ရှိမယ်။ လက်နက်ကြီး အလုံးရေကတော့ များတယ်။ ဆက်တိုက် ပစ်တာဆိုတော့။ အနည်းဆုံး ၂ ရက်ဆိုတော့ လက် နက်ကြီး အလုံး ၃၀လောက်ရှိမယ်။ သူတို့ စခန်းပေါ်ကိုတော့ အနီးကပ်ဆုံး ကပ်ပြီးတော့ ပစ်တာဆိုတော့ စခန်းပေါ်ကတော့ ကျနိုင်တယ်။ စစ်ခွေး သေတာကတော့ ခန့်မှန်းခြေ ၅ကောင်လောက် သေဆုံးနိုင်တယ်”ဟု Salingyi Revolution Army မှ တာဝန်ရှိသူကပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့ စက်မှုဇုန်ရှိ ပခုက္ကူ-ရေစကြို လမ်းပိုင်းပေါ်တွင် ပြည်သူအပေါ်အနိုင်ကျင့်ဆက်ကြေးကောက် ဂိတ်ဖွင့်နေသော ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Golden Eagle PDF အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀မိနစ်ခန့်အချိန် ပခုက္ကူမြို့ စက်မှုဇုန်ရှိ ပခုက္ကူ-ရေစကြို လမ်းပိုင်းပေါ်တွင် ပြည်သူကို အနိုင်ကျင့်ဆက်ကြေးကောက် ဂိတ်ဖွင့်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ၄ ဦးထက်မနည်း အပြင်းထန်ထိခိုက်ဒဏ်ရာရပြီး၊ အကြမ်းဖက် စစ်တပ်ဘက်မှ ဘန်ကာအတွင်းမှ စနိုက်ပါ၊ ၄၀ မမ ဗုံးလောင်ချာများဖြင့် ပြန်လည်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ ယင်းအပြင် မြို့ရှောင်လမ်းဆုံမှ အကြမ်းဖက် စစ်တပ် စစ်ကူများပါရောက်ရှိလာသောကြောင့် တော်လှန် ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရှိရသည်။

အဆိုပါတိုက်မှုကို Golden Eagle PDF နှင့် အညာဧရာဝတီတော်လှန်ရေးအင်အားစု (AARF) နှင့်အတူ ပခုက္ကူခရိုင်အမှတ်(၁၆)တပ်ရင်း တို့မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article