22 C
Yangon

ကျောက်ဖြူမြို့နယ်၊ သဖန်းချောင်းကျေးရွာကို စစ်သင်္ဘောက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သဖန်းချောင်းရွာကို အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံး ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ သဖန်းချောင်းကျေးရွာကို ပင်လယ်ပြင်၌ ကျောက်ချထားသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘောက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ ၂ ဦး လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာ၊ ပင်လယ်ကမ်းစပ်အနီးကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင် ပြည်သူများဖြစ်သည့် မင်းတပ်တောင်ကျေးရွာမှ အသက် ၃၉ နှစ်အရွယ် ဒေါ်ခိုက်စန်းဦးနှင့် ပိန္နဲတောင်ရွာမှ အသက် ၄၁ နှစ်အရွယ် ဒေါ်စံရွှေတို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၉၅ နှစ်အရွယ် ဒေါ်အောင်မြနုနှင့် အသက် ၅၉ နှစ်အရွယ် ဦးမောင်ထိန်ဝင်းတို့လည်း ထိခိုက် ဒဏ်ရာရရှိကာ ပြည်သူပိုင် နွား ၈ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညပိုင်းကလည်း ကျောက်ကလေးကျေးရွာ ပင်လယ်ကမ်းစပ်အနီးကို ကျောက်ကလေပင်လယ်ပြင်၌ ရပ်ထားသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘာပေါ်မှ စစ်သားများက အသေခံ ဒရုန်းဖြင့် ဗုံး ၄ လုံး ကျဲချ တိုက်ခိုက်ပြီး လက်နက်ကြီး ၄ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အာရက္ခတပ်တော်နှင့် ရင်ဆိုင်နေရသည့် စစ်မျက်နှာတွင် ရှုံးနိမ့်နေသည့် အကြမ်းဖက် စစ်ကောင်စီသည် စစ်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော အရပ်သားပြည်သူများ နေထိုင်ရာ မြို့ရွာများကို နေ့စဉ်ရက်ဆက် လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူး လွန်လျက်ရှိကြောင်း သိရှိရသည်။

Photo – APM

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article