31.1 C
Yangon

Khit Thit Morning News | January 21, 2026

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်သူတွေဟာ မိမိသဘောဆန္ဒနဲ့ ဝင်လာသူတွေဖြစ်တယ်လို့ မင်းအောင်လှိုင်က ပြောနေပေမယ့် နိုင်ငံတစ်ဝန်း စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်း ပေါ်တာဆွဲတာတွေ ဖြစ်ပေါ်နေတယ်လို့ Spring Revolution Database (SRD) အစီရင်ခံစာအရ သိရပါတယ်။

– အာဆီယံအဖွဲ့အနေနဲ့ စစ်အုပ်ချုပ်ရေးအောက်က မြန်မာနိုင်ငံမှာ လက်ရှိဆက်လက်ကျင်းပနေတဲ့ အဆင့်လိုက်ရွေးကောက်ပွဲတွေကို စောင့်ကြည့်ရေးအဖွဲ့ မပို့ခဲ့ဘူးလို့ ပြောဆိုလိုက်သလို အဲဒီရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုဘူးလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဇန်နဝါရီ ၂၀ ရက်မှာ ထပ်ပြောလိုက်ပါတယ်။

– အပြည်ပြည်ဆိုင်ရာတရားရုံး-ICJ မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုတာဟာ နိုင်ငံတစ်နိုင်ငံအပေါ် စွပ်စွဲနိုင်တဲ့ အပြင်းထန်ဆုံးစွပ်စွဲချက်တွေအနက် တစ်ခုဖြစ်တာကြောင့် တော်သင့်ရုံထိန်းသိမ်းမှုနဲ့သာ ပြုလုပ်သင့်တယ်လို့ မြန်မာစစ်တပ်ရှေ့နေ Mr.Christopher Staker က လျှောက်လဲလိုက်ပါတယ်။

– ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို အမေရိကန်က သိမ်းယူချင်နေတာကြောင့် တင်းမာမှုတွေ ဖြစ်နေချိန်မှာ ပြင်သစ်သမ္မတ မက်ခရွန်က “အနိုင်ကျင့်မှုထက် လေးစားမှုကိုပဲ ပိုလိုလားတယ်”လို့ ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article