ရန်ကုန်၊ ဇန်နဝါရီ ၂၁
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း ၂ ခုကို အကြမ်း ဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက် ညနေ ၄ နာရီခန့်က မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် လှည့်ပတ်ပျံဝဲကာ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း ၂ ခုကို ၄ နာရီ ၈ မိနစ်တွင် တစ်ကြိမ်၊ ၄ နာရီ ၁၁ မိနစ်တွင် တစ်ကြိမ် ၊ ၃ နာရီ ၁၃ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ဗုံးသီး ၃ လုံးဖြင့် ကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်တာမရှိပဲ အကြောင်းမဲ့ တိုက်ခိုက်တာပါ။ ယာတောကနေ ပြန်လာတဲ့ အမျိုးသား တစ် ယောက်သေတယ်၊ ၄ ယောက် ဒဏ်ရာရတယ်။ နေအိမ် ၂ လုံးလည်း ပျက်စီးတယ်။ လေကြောင်း မတိုက်ခင် တမနက်လုံး ကင်းထောက် လေယာဉ်၊ ကင်းထောက်ဒရုန်းတွေ တောက်လျှောက်ပျံဝဲပြီးမှ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် လယ်ကြီးအိုင်ကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ဦးဖေခင်တွင် ရင်ဘတ်ဗုံးစဖောက်ထွင်းဒဏ်ရာဖြင့် သေဆုံးပြီး ယောမြို့ကျေးရွာနေ စစ်ဘေးရှောင်ပြည်သူ အသက် ၄၇ နှစ်အရွယ် ဝင်းတင့် တွင် ဘယ်ဘက်ခြေထောက်ပြတ် ပြင်းထန်ဒဏ်ရာ၊ အသက် ၄၃ နှစ် အရွယ် ဦးဖိုးကောင်းတွင် ခြေထောက်နှစ်ဘက် ဗုံးစထိမှန်ဒဏ်ရာ၊ အသက် ၅၇ နှစ်အရွယ် ဦးအောာင်မြိုင် တွင် ညာတင်ပါး၊ ပေါင်၊ ခြေထောက်တို့ ဗုံးစထိမှန်ဒဏ်ရာနှင့် အသက် ၆၇ နှစ်အရွယ်ဦးအောင်နုတွင် လက်၊ ခြေထောက်တို့ ဗုံးစထိမှန်ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်က ယောဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်လျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်း များကို လိုက်နာပေးကြပါရန်နှင့် ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာတူးထားကြပါရန် ယောအလင်းတန်းက တိုက်တွန်းထားသည်။






