ရန်ကုန်၊ ဇန်နဝါရီ ၂၁
အမေရိကန်သမ္မတ ထရမ့်လိုက်ပါသော Air Force One လေယာဉ် ပျံတက်ပြီးနောက် အရေးပေါ် နောက်ကြောင်းပြန်လှည့် ဆင်းသက်လိုက်ရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) တက်ရောက်ဖို့ ဆွစ်ဇာလန်နိုင်ငံကို ဦး တည်ပျံသန်းခဲ့တဲ့ အမေရိကန် သမ္မတ လေယာဉ် Air Force One က အမေရိကန်စံတော်ချိန် ဒီနေ့ညပိုင်း ပျံတက်ပြီး သိပ်မကြာခင်မှာ Joint Base Andrews လေတပ်စခန်းကို ပြန်လည်ဆင်းသက်ခဲ့ရကြောင်း အိမ်ဖြူတော်က အတည်ပြုပါတယ်။
လေယာဉ်ပျံတက်ပြီးနောက် လေယာဉ်အမှုထမ်းတွေက “အသေးစား လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု” (Minor electrical issue) တစ်ခုကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
လုံခြုံရေးကို အထူးဂရုပြုတဲ့အနေနဲ့ (Out of an abundance of caution) လေတပ်စခန်းကို ချက်ချင်း ပြန်လှည့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ ထရမ့်က ဒါးဗို့စ်မှာရှိတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ စီး ပွား ရေးလုပ်ငန်းရှင်တွေကြားမှာ ဂရင်းလန်း (Greenland) ကိစ္စအပါအဝင် အရေးကြီးတဲ့ မိန့်ခွန်းပြောကြားဖို့ သွားရောက်တာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတအနေနဲ့ တခြားလေယာဉ်တစ်စင်းနဲ့ ခရီးစဉ်ကို ဆက် လက်ထွက်ခွာမှာလား ဒါမှမဟုတ် ခရီးစဉ်နှောင့်နှေးသွားမလားဆိုတာကိုတော့ အိမ်ဖြူတော်က အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
သို့သော် ဒါးဗို့စ်မှာ မက်ခရွန်အပါအဝင် ဥရောပခေါင်းဆောင်တွေနဲ့ တင်းမာမှုတွေ ရှိနေချိန်မှာ အခုလို လေယာဉ်ချို့ယွင်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။




