25.7 C
Yangon

မဲဆောက်တွင် လက်နက်အရောင်းအဝယ်လုပ်သူ မြန်မာ ၂ ဦးကို ဖမ်းဆီးစဉ် ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သော ထိုင်း ရဲအရာရှိ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့၊ ပစ်ခတ်ခဲ့သော သေနတ်သမား ၁ ဦး လွတ်မြောက်သွားပြီး ရှာဖွေနေဆဲ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် လက်နက်အရောင်းအဝယ်လုပ်သူ မြန်မာ ၂ ဦးကို ဖမ်းဆီးရင်း ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သော ထိုင်း ရဲအရာရှိ အခြေအနေ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

ယမန်နေ့ ဇန်နဝါရီ ၂၀ ရက်နေ့ ညနေပိုင်း မဲဆောက်-အုံဖန် (Mae Sot-Um Phang) လမ်း၊ မဲကု (Mae Ku) တိုက်နယ်အတွင်း တရားမဝင် လက်နက် ဝယ်ယူသူဟန်ဆောင်၍ ဖမ်းဆီးရန် ကြိုးစားစဉ် မြန်မာနိုင်ငံသား လက် နက်မှောင်ခိုသမား ၂ ဦးက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ပစ် ခတ်မှုကြောင့် ရဲအရာရှိတစ်ဦး၏ ဝမ်းဗိုက်ကို သေနတ်ကျည်ဆန် ထိမှန်ခဲ့ကြောင်း၊ ပစ်ခတ်သူ ၁ ဦးကို ဖမ်းဆီးရရှိခဲ့သော်လည်း အခြား ၁ ဦးမှာ လွတ်မြောက်သွားကြောင်း သိရှိရသည်။

မြန်မာသေနတ်သမား၏ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တဲ့ မဲဆောက်ရဲစခန်းမှ မှုခင်းကာကွယ်ရေးနှင့် နှိမ် နင်းရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ဆတ်ဆန် ကန်ခ (အသက် ၅၁ နှစ်) ဖြစ်ပြီး ယမန်နေ့ညပိုင်း ခွဲစိတ်မှုကြောင့် ကျန်း မာရေးအခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ကြောင်း သိရှိရသည်။

လတ်တလော ထိုင်းရဲတပ်ဖွဲ့က သေနတ်သမား ၂ ဦးအနက်မှ မြန်မာနိုင်ငံသား မင်းစိုးသူ (အသက် ၂၀ နှစ်) ကို ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊ ရဲအရာရှိကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သော နိုင်ရောင် (အသက် ၂၀ နှစ်) ထိုင်း-မြန်မာနယ်စပ်တွင် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

လက်ရှိမှာ တာ့ခ်ခရိုင်ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BPP 346)၊ အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်တပ်မှ အရာရှိပေါင်း ၁၀၀ ခန့်က လက်နက်အပြည့်အစုံဖြင့် လွတ်မြောက်နေသော သေနတ်သမား တရားခံကို လိုက်လံဖမ်းဆီးနေဆဲဖြစ်ကြောင်း သိရှိရသည်။

လွတ်မြောက်နေသော တရားခံ၏ ဓာတ်ပုံကို လူမှုကွန်ရက်နှင့် သတင်းမီဒီယာများမှတစ်ဆင့် ဖြန့်ဝေထားပြီး တွေ့ရှိလျှင် ချက်ချင်းအကြောင်းကြားရန် မေတ္တာရပ်ခံထားကြောင်း၊ လွတ်မြောက်နေသူသည် နွေရာသီ ရေနည်းချိန် သောင်းရင်းမြစ်ကို ဖြတ်ပြီး မြန်မာနိုင်ငံ၊ မြဝတီမြို့ဘက်သို့ ထွက်ပြေးသွားနိုင်သဖြင့် ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံမှ တာဝန်ရှိသူများကိုလည်း အကူအညီတောင်းထားကြောင်း သိရှိရသည်။

“ဒီပစ်ခတ်မှုကြောင့် အခု မဲဆောက်မှာ ည ၈ နာရီကျော်ရင် မြန်မာနဲ့ နိုင်ငံ ခြားသားတွေ ညမထွက်ရ အမိန့်ထုတ်မယ်လို့ သတင်းတွေ ထွက်နေတယ်။ ကျနော်တို့ မြန်မာပြည်သားတွေအတွက် တော်တော်ကို အခြေ အနေက ကျပ်တည်းကုန်ပြီ။ တစ်နေ့ကလည်း LGBT ဧရာ၀တီမဆိုသူလည်း အသတ်ခံရတယ်။ အခုက တော်တော်လေးကို ထိုင်းဘက်က တင်းကျပ်မှုတွေ လုပ်လာတယ်။ နေ့တိုင်း မဲဆောက်မြို့ထဲမှာ ဂိတ်ပေါင်းစုံ ချထားတာ” ဟု မဲဆောက်မြို့မှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article