By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၂၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက် ကိုင်တွေအနေနဲ့ တိုက်ပွဲတွေ ဖော်ဆောင်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်တာနှင့် (ကျားဖြန့်) အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေ လုပ်ကိုင်လာတာကြောင့် တိုက်ဖျက်ရမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မော်ဒယ်သဥ္ဇာဝင့်ကျော်ကို ထောင်ဒဏ် ၃ လ ဒါမှမဟုတ် ငွေဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မ ၂၉၄ (က) နဲ့ ဖမ်းဆီးဖို့ ရှိနေမှုကို ရုပ်ရုပ်အစည်းအရုံးကို အကြောင်းကြားမှု မရှိသေးဘူးလို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးဆီကနေ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေး ကောက်ပွဲကာလအတွင်းနှင့် နောက်ပိုင်း ဒေသအချို့မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပြီး ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာသလို ပြည်သူတွေကို ပစ်မှတ်ထား ဖမ်းဆီးမှုတွေလည်း ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ Myanography ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို ရအောင်ယူမယ်လို့ အမေရိကန်သမ္မတထရမ့်က ထပ်ပြီးတော့ ခြိမ်းခြောက်လိုက်ပြန်ပါတယ်။ ဒီနေ့ ပြုလုပ်တဲ့ သမ္မတထရမ့်ရဲ့ ၁ နှစ်တာ တာဝန်ယူခြင်း သတင်းစာရှင်း လင်းပွဲမှာ အဲ့ဒီအတိုင်းပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




