31.1 C
Yangon

ကရင်နီ၊ မယ်စဲ့အကျဉ်းထောင်အတွင်းမှ ထွက်ပြေးသွားသည့် စစ်သုံ့ပန်းတချို့ကို ပြန်လည်ဖမ်းဆီးရရှိထား၊ စစ်သုံ့ပန်း ၃၀ မှာ ထိုင်းဘက်သို့ ရောက်ရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်အတွင်းမှ ထွက်ပြေးသွားသည့် စစ်သုံ့ပန်းအချို့ကို ပြန် လည်ဖမ်းဆီးရရှိထားပြီး အရေအတွက်အသေးစိတ်ကို မသိရသေးကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ၂ ဗညားခွန်အောင်က ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁ နာရီခန့်က မယ်စဲ့မြို့နယ်ရှိ အကျဉ်း ထောင် တစ်ခုတွင် စစ်သုံ့ပန်း အ ကျဉ်းသား ၈ဝ ဦးဝန်းကျင်ခန့် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး လက်နက်ငယ် ၉ လက်ကိုလည်း ယူ ဆောင်သွားကြောင်း၊ ထိုသို့ အကျဉ်းထောင်ဖောက်ပြေးမှုနှင့် ပတ်သက်၍ သက်ဆိုင် ရာ တော်လှန် ရေးတပ်ဖွဲ့များ နှင့်ပူးပေါင်းကာ အခြေအနေများကို ပြန် လည် ထိန်းချုပ်နိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

“အခုချိန်အထိ တိုင်းဘက်မှာ မိသွားတဲ့ အရေအတွက် ၃၀ ကတော့ အတည်ပြုလို့ရတယ်။ ကျနော်တို့ ဆီမှာကတော့ တချို့မိတာတွေရှိတယ်။ ပြန့်ကျဲပြီးတော့မှ မိတဲ့အတွက်ကြောင့်မို့လို့ အခုချိန်ထိ ပြန်စု နေတုန်းပေါ့။ မိထားတဲ့အချက်အလက်တွေကို ထုတ်ပြန်ဖို့ပြင်ထားပါတယ်။ ပြီးတော့ တခြားတဖက် မှာလည်း မိတယ်ဆိုတဲ့ဟာက ဘယ်လိုမျိုးပုံစံနဲ့မိတယ်ဆိုတာ အသေးစိတ်အချက်အလက်တွေ မရသေးဘူး။ လူဦးရေဘယ်နှစ်ယောက်မိတယ်ဆိုတာ အသေးစိတ် မသိရသေးပါဘူး” ဟု ကရင်နီ ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ၂ ဗညားခွန်အောင်က ရန်ကုန် ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယင်းအကျဉ်းထောင်အတွင်းမှ ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများမှာ တပ်မ ၆၆ မှ လက်အောက်ခံ တပ်များမှ စစ်သားများဖြစ်ပြီး ထွက်ပြေးသွားသည့် ၈၂ ဦးအနက် စစ်သား ၃၀ ဦးမှာ ထိုင်းစစ်တပ်ထံ ဆက်သွယ်၍ အဖမ်းခံခဲ့ကြောင်း၊ ကျန်ရှိနေသော စစ်သုံ့ပန်းများကို ကရင်နီပြည်အစိုးရလက်အောက် ရှိတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လိုက်လံရှာဖွေဖမ်းဆီးလျက်ရှိကြောင်း သိရ သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article