37 C
Yangon

ဒဂုံမြို့သစ်ဆိပ်ကမ်း အခြေစိုက် ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်ပြု ပရဟိတအသင်း ဥက္ကဋ္ဌ မြတ်စံ (ခ) စိုင်းမြအောင်က အသက် ၁၇ နှစ်အရွယ် အသင်းဝင် မိန်းကလေးကို မုဒိမ်းကျင့်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အခြေစိုက် ဇမ္ဗူအေး ဗုဒ္ဓသာ သနာကုသိုလ်ပြု ပရဟိတ အသင်း ဥက္ကဋ္ဌ မြတ်စံ(ခ)စိုင်းမြအောင် က အသက် ၁၇ နှစ်အရွယ် အသင်းဝင် မိန်းကလေးကို မုဒိမ်းကျင့်သဖြင့် အမှုဖွင့်တိုင်တန်းထားကြောင်း ကျူးလွန်ခံရသူမိန်းကလေး၏ အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁ ရက်နေ့က ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် ၈၅ ရပ်ကွက် တွင်နေထိုင်သူ ဇမ္ဗူ အေး ဗုဒ္ဓသာသနာကုသိုလ်ပြု ပရဟိတ အသင်း ဥက္ကဋ္ဌ မြတ်စံ(ခ) စိုင်းမြအောင်က လှိုင်သာယာမြို့ နယ်တွင် အလုပ်ကိစ္စရှိသည်ဟုဆိုကာ အသက် ၁၇ နှစ်အရွယ် အသင်းဝင်မိန်းက လေးငယ်ကို ဖုန်းဆက်ခေါ်ခဲ့ ကြောင်း၊ ထိုသို့ ဖုန်းဆက်ခေါ်ပြီးနောက် နေအိမ်တွင် ပစ္စည်းယူရန် ကျန်ရှိနေသေးသည်ဟု အ ကြောင်းပြကာ နေအိမ်သို့‌ ခေါ်သွား၍ မုဒိမ်းကျင့်ခဲ့ကြောင်း သိရသည်။

ထိုသို့ မုဒိမ်းကျင့်ပြီးနောက် မည်သူတစ်ဦးယောက်မျှ ပြန်လည် ပြောဆိုခြင်းမပြုရန်နှင့် ပြန်လည် ပြောဆိုပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားခဲ့ကြောင်း သိရသည်။

“ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်ပြု ပရဟိတအသင်းက ငလျင်လှုပ်ပြီးမှ ထောင် တဲ့ အသင်းပါ။ ပြည် နယ်၊ တိုင်း P2P အုပ်စုထဲက အသင်းတစ်ခုလို့ သိရပါတယ်။ ပရဟိတ နာမည်ခံပြီး လုပ်စားနေတဲ့ အဖွဲ့ပါ။ လက်ရှိအမှုနဲ့ပတ်သက်လို့ ရဲကနေ ဘယ်လိုအရေးယူထားလဲတော့ အတိအကျမသိရသေးပါ ဘူး” ဟု ကျူးလွန်ခံရသူနှင့်နီးစပ်သူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

မုဒိမ်းကျင့်ခံရသော မိန်းကလေးမှာ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန် ဗိုက်နာကြောင်း အဒေါ်ဖြစ်သူကို ပြောဆိုခဲ့ကြောင်း၊ အဒေါ်ဖြစ်သူက စစ်ဆေးမေးမြန်းသောအခါတွင်မှ မုဒိမးကျင့်ခံရသည်ကို သိရှိခဲ့ရခြင်းဖြစ်သည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article