By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရန်ကုန်နှင့် မန္တလေးတို့မှာ ပြုလုပ်မယ့် ICJ တရားရုံး နဲ့ ဂမ်ဘီယာနိုင်ငံကို ရှုတ်ချပွဲတွေအတွက် မဘသနှင့် အမျိုးသားရေးအစွန်းရောက်တွေက အကြမ်းဖက်စစ်တပ်ဆီကနေ ဘတ် ဂျက်တောင်းခံ ထားတယ်လို့ မဘသအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားရုံး-ICJ တရားရုံးမှာ ရိုဟင်ဂျာတွေအပေါ် ကျူး လွန်ထားတဲ့ ရာဇဝတ်မှု တွေအတွက် အရေးယူမခံရရေး မြန်မာစစ်တပ်က ကြိုးပမ်းနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးလိုက်ပါတယ်။
-ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အခြေစိုက် ဇမ္ဗူအေး ဗုဒ္ဓသာ သနာကုသိုလ်ပြု ပရဟိတ အသင်း ဥက္ကဋ္ဌ မြတ်စံ(ခ)စိုင်းမြအောင် က အသက် ၁၇ နှစ်အရွယ် အသင်းဝင် မိန်းကလေးကို မုဒိမ်းကျင့်တာကြောင့် အမှုဖွင့်တိုင်တန်းထားတယ်လို့ ကျူးလွန်ခံရသူမိန်းကလေးရဲ့ အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံကို ရောက်ရှိလာပြီး မကြာခင်ပဲ ဒါဗို့စ်မှာ ကျင်းပနေတဲ့ World Economic Forum (WEF) မှာ မိန့်ခွန်းပြောဖို့ ပြင်ဆင်နေတဲ့ သတင်းအပါအဝင် မနက်ခင်သတင်းတွေကို တင်ဆက်ပေးပါမယ်။




