33 C
Yangon

မိုးကုတ်မြို့ စစ်တန်းကုန်း လမ်းဆုံအနီး ဒရုန်းဗုံး ကျရောက်ပေါက်ကွဲ၍ လူ ၂ ဦးသေဆုံး၊ စစ်တပ်က ဆိုင်ကယ်စီးနင်းသူများကို စစ်ဆေးနေပြီး ငွေကျပ် သိန်းချီ တောင်းယူ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မန္တလေးတိုင်း၊ မိုးကုတ်မြို့ စစ်တန်းကုန်း လမ်းဆုံအနီး ဒရုန်းဗုံး ကျရောက်ပေါက်ကွဲ၍ လူ ၂ ဦးသေဆုံးကာ စစ်တပ်က ဆိုင်ကယ်စီးနင်းသူများကို စစ်ဆေးပြီး ငွေကျပ် သိန်းချီ တောင်းယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် မိုးကုတ်မြို့ စစ်တန်းကုန်းလမ်းဆုံအနီး ဒရုန်းဗုံးများ ကျရောက်ပေါက်ကွဲ၍ လူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲ တိုက်ခိုက်ခံရသော နေရာသည် အကြမ်းဖက် စစ်သားများ တပ်စွဲထားသော မြန်မာ့စီးပွားရေးဘဏ်နှင့်လည်း အလွန်နီးကပ်ကြောင်း သိရသည်။

“ဒရုန်းဗုံး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦး ထိသွားတယ်လို့ သိရတယ်။ စစ်တန်းကုန်း လမ်းဆုံက လက်ဖက်ရည်ဆိုင်နားကို ကျတာ ပြည်သူ ၂ ဦးကတော့ ပွဲချင်းပြီးသေဆုံးတယ်။ ဆိုင်ရှင်ကတော့ အစမှန်ပြီး ထိခိုက်ဒဏ်ရာရတယ်။ ဗုံးကျတဲ့ နေရာက စစ်ခွေးတွေ တပ်စွဲထားတဲ့ မြန်မာ့စီးပွားရေးဘဏ်ရှိတယ်။ ပြည်သူတွေအနေနဲ့ စစ်ခွေးတွေ အနီး မသွားကျဖို့ လိုတယ်။ အဲနေရာတွေက ခဏခဏ တိုက်ခိုက်ခံနေရတဲ့ နေရာတွေ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုသို့ ဒရုနးဗုံးကျရောက်ပေါက်ကွဲပြီးနောက် အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့ပေါ်တွင် ဆိုင်ကယ်စီးနင်းသူများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ယင်းသို့ စစ်ဆေးပြီး ဆိုင်ကယ် ဦးထုပ်မပါသူများထံမှ ငွေကျပ် ၁ သိန်းနှင့် ဆိုင်ကယ် လိုင်စင် မပါသူများထံမှ ငွေကျပ် ၃ သိန်း ကောက်ခံနေကြောင်း၊ ထို့ပြင် စည်ပင်ရုံးတွင်လည်း ရုံးပိုင်းဆိုင်ရာ ပစ္စည်းများ ကားပေါ်မှ ချနေကြောင်း သိရသည်။

“ဗုံးကျဲ တိုက်ခိုက်ခံရပြီး အခုမြို့ထဲ ဆိုင်ကယ်တွေ စစ်နေတယ်။ ဆိုင်ကယ်ဦးထုပ်မပါရင် ၁ သိန်းဆိုပြီး တောင်းတယ်။ ၅ ယောက်လောက် တောင်းခံရတယ်။ ဆိုင်ကယ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင်မရှိရင် ၃ သိန်းတောင်းတယ်။ စည်ပင်ရုံးတွေမှာလည်း ရုံးပိုင်းဆိုင်ရာပစ္စည်းတွေကားပေါ်ကနေ ချနေကြတယ်” ဟု ဒေသပြည်သူတစ်ဦး ဆက်လက်ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း မိုးကုတ်မြို့၊ မစိုးရိမ်ကျောင်းတိုက်နှင့် မောနေယကျောင်း တိုက်အတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်သားများ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် သည် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ချောင်းကြီးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ ၃ ဦးကိုလည်း ပစ်ခတ်သတ် ဖြတ်ခဲ့ကြောင်းသိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article