By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၂၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာအရေးနဲ့ပက်သက်လို့ ဘုန်းကြီးတွေရဲ့ ပြောဆိုရေးသားချက်တွေ ဟာ နိုင်ငံတစ်ခုလုံးရဲ့ အရေးနဲ့ ချိတ်ဆက်လို့ မရပဲ နိုင်ငံတော်မှာလည်း အဲ့ဒီ့အတွက် တာဝန်မရှိဘူးလို့ သီတဂူ နဲ့ ဝီရသူ ဘုန်းကြီးတို့ကို ရည်ညွှန်းပြီး ICJ တရားရုံးမှာ စစ်တပ် ကိုယ်စားပြု ရှေ့နေက တင်ပြသွားပြန်ပါတယ်။
အကြမ်းဖက် မြန်မာစစ်တပ်က လက်ရှိ ICJ မှာ အမှုရင်ဆိုင်နေရတာတွေနဲ့ပက်သက်ပြီး ICJ တရားရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာတွေ မလုပ်ဖို့ စစ်တပ်ကိုယ်တိုင်ကပဲ ညွှန်ကြားချက်ထုတ် လာပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြိုနယ်အစပ်မှာ အကြမ်းဖက် စစ်တပ်ဘက်က စစ်သုံ့ပန်းတွေ ထားရာစခန်းကို စစ်တပ်ကပဲ လေယာဉ်နဲ့လာပြီး သူ့လူတွေကို သူတို့ကိုယ်တိုင် ဗုံးကျဲ သတ်ဖြတ်သွားရာမှာ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း စစ်သားတွေနဲ့ မိသားစုဝင် ၂၁ ဦး အစုလိုက် အပြုံ လိုက် သေဆုံးပြီး နောက်ထပ် အယောက် ၃၀ က ဒဏ်ရာတွေ ရထားတယ်လို့ ရခိုင်ဒေသ သတင်းရင်း မြစ်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
-မလေးရှားနိုင်ငံရဲ့ စစ်ဦးစီးချုပ်ဟောင်းနဲ့ ဇနီးဖြစ်သူကို ဒေါ်လာ ၅ သိန်း ၄ သောင်းကျော် ငွေကြေး ခဝါချမှုနဲ့ တရားစွဲထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။




