29 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၅ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ရန်ကုန်တိုင်း၊ လှိုင်သာယာ၊ ကျောက်တန်း၊ ဒဂုံဆိပ်ကမ်းနင့် သာကေတမြို့နယ်တို့မှာ မဲလာပေးသူ မရှိတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်ဖိအားပေးသလို လော်စပီကာတွေနဲ့ လိုက် အော်နေတယ်လို့ ဒေသနေပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်ကို ပိတ်ဆို့ကာ အတုအယောင်ရွေးကောက်ပွဲပြုလုပ်ဖို့ စီစဉ်ထားပြီး စစ်တပ်တပ်စွဲထားပေမယ့်လည်း စစ်တပ်တပ်စွဲထား ရာနေရာတွေကို တော်လှန်ရေးတပ် ဖွဲ့တွေက လက်နက်ကြီးနဲ့ တိုက်ခိုက်နေတယ်လို့ ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာနှင့်စစ်ကိုင်းမြို့ပေါ်တို့မှာ စစ်မှုထမ်းခိုင်းဖို့အတွက် လူငယ် ၁၅၀ ကျော်ကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံလူငယ်တွေရဲ့ မိဘဆွေမျိုးတွေနှင့်ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

ယူကရိန်းနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍကို ရုရှားက ဒရုန်းနဲ့ ဒုံးကျည်ပေါင်း ရာနဲ့ချီပြီး အကြီး အကျယ် တိုက်ခိုက်ခဲ့တာကြောင့် နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းလောက်မှာ လျှပ်စစ်မီးတွေ အရေးပေါ် ပြတ်တောက်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article