25 C
Yangon

စစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း ၃ တွင် ကနဦးအချက်အလက်များအရ ကြံ့ဖွတ်ပါတီက ၇၇ ရာခိုင်နှုန်းကျော် အနိုင်ရရှိဟုဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

စစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း ၃ တွင် ကနဦးအချက်အလက်များအရ ကြံ့ဖွတ်ပါတီက ၇၇ ရာခိုင်နှုန်းကျော် အနိုင်ရရှိကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ စစ်တပ်က ရွေးကောက်ပွဲ နောက်ဆုံးအဆင့်အဖြစ် ၆၃ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ယင်းတို့အနက်မှ ကြံ့ဖွတ်ပါတီက ၄၉ နေရာကို အနိုင်ရရှိထားသည်ဟု ကနဦးသတင်းအချက်အလက်များအရ သိရှိရကြောင်း အဆိုပါ ကြံ့ခိုင်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်တိုင်းရှိ မြို့နယ် ၁၇ မြို့နယ်၊ မန္တလေးတိုင်းရှိ မြို့နယ် ၈ မြို့နယ် အပါအဝင် ပဲခူး၊ စစ်ကိုင်း၊ တနင်္သာရီနှင့် ဧရာ၀တီတိုင်းတို့တွင် အနိုင်ရရှိထားသည်ဟု ကနဦး သတင်းအချကအလက်များအရ သိရှိရကြောင်း၊ လတ်တလော တွက်ချက်မှုများအရ ရွေးကောက်ပွဲ အပိုင်း ၃ တွင် ၇၇ ရာခိုင်နှုန်း အနိုင်ရရှိထားပြီး အနိုင်ရရှိသော မဲဆန္ဒနယ်များ တိုးလာနိုင်ကြောင်း သိရှိရသည်။

“အကုန်တော့ မသိရသေးဘူး။ ရန်ကုန်နဲ့ မန္တလေး အကုန်နိုင်တယ်။ ဧရာ၀တီတိုင်း၊ ပဲခူးနဲ့ စစ်ကိုင်းလည်း နိုင်တယ်။ စစ်ကိုင်းကတော့ ကနီနဲ့ ဆားလင်းကြီး ၂ မြို့နယ်ပဲ။ ရှမ်းနဲ့ ကချင်ဘက်ကတော့ အခုထက်ထိ အတိအကျ မသိရသေးဘူး။ အခုလောလောဆယ် ၄၉ နေရာတော့ နိုင်ထားတယ်။ အရေအတွက်က တိုးလာဖို့ပဲရှိတယ်” ဟု ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောဆိုသည်။

ရွေးကောက်ပွဲ အပိုင်း ၁ နှင့် အပိုင်း ၂ တို့တွင်လည်း ကြံ့ခိုင်ရေးပါတီက ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိထားရာ ယခု ရွေးကောက်ပွဲ အပိုင်း ၃ တွင်ပါ ၇၅ ရာခိုင်နှုန်းကျော် အနိုင်ရရှိထားသဖြင့် တစ်ပါတီတည်း အစိုးရဖွဲ့နိုင်သော လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ရရှိသွားပြီဖြစ်ကြောင်း ကြံ့ခိုင်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက လာမည့် မတ်လတွင် လွှတ် တော်ခေါ်ယူ၍ အစိုးရအဖွဲ့ အသစ်ဖွဲ့စည်းကာ အာဏာလွှဲပြောင်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article