By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ပြည်တွင်းစီးပွားရေးစျေးကွက်မှာ ၁၆ ပဲရည်အခေါက်ရွှေစျေး တစ်ကျပ်သားကို ၁၀၆ သိန်းအထိ ရောက်ရှိသွားပြီး အဖမ်းအဆီးကြောက်တာကြောင့် ရွှေဆိုင်တချို့ ပိတ်ထားသလို ရွှေကုန်သည်တချို့ အလုပ်ရပ်နားထားတယ်လို့ ရန်ကုန်အခြေစိုက်ရွှေကုန်သည်တွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
စစ်တပ်ရဲ့ရွေးကောက်ပွဲ အပိုင်း ၃ မှာ ကနဦးအချက်အလက်တွေအရ ကြံ့ဖွတ်ပါတီက ၇၇ ရာခိုင်နှုန်းကျော် အနိုင်ရရှိထားတယ်လို့ ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အတုအယောင်ရွေးကောက်ပွဲပြုလုပ်နေစဉ် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ပြီး ပြည်သူ ၉ ဦး ဒဏ်ရာရရှိကာ ရွေးကောက်ပွဲလည်း ပျက်ပြယ်သွားတယ်လို့ ဖားကန့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
အမေရိကန်ရဲ့ကုန်သွယ်ရေးစစ်ပွဲကြောင့် အိန္ဒိယနဲ့ တရုတ်ဆက်ဆံရေးကောင်းမွန်လာပြီး နှစ်နိုင်ငံ ရင်းနှီးစွာ ပြန်လည်ဆက်ဆံလာတယ်လို့ နှစ်နိုင်ငံခေါင်းဆောင်တွေက ထုတ်ဖော်ပြောဆိုပါတယ်။ တရုတ်သမ္မတရှီကျင်းပင်က အိန္ဒိယ–တရုတ်ကို “အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက် ကောင်း” လို့ ခေါ်ဆိုလိုက်တာပါ။ အိန္ဒိယပြည်ထောင်စုနေ့အခမ်းအနားမှာ ဆက်ဆံရေးကောင်းမွန် လာနေတယ်လို့ နှစ်နိုင်ငံလုံးက အတည်ပြုတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




