ရန်ကုန်၊ ဇန်နဝါရီ ၂၇
အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲအပိုင်း ၃ ခုလုံးတွင် မဲပေးသူ ၅၄ ရာခိုင်နှုန်းရှိပြီး မင်း အောင်လှိုင်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့၍ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ စတင်ကျင်းပခဲ့သော ရွေးကောက်ပွဲ အပိုင်း ၁ တွင် မဲပေးသူ ၆ ဒသမ ၀၉ သန်း၊ ဇန်နဝါရီလ ၁၁ ရက်နေ့ ကျင်းပခဲ့သော ရွေးကောက်ပွဲ အပိုင်း ၂ တွင် မဲပေးသူ ၄ ဒသမ ၂၄ သန်း၊ ဇန်နဝါရီလ ၂၅ ရက်နေ့ကျင်းပခဲ့သော ရွေးကောက်ပွဲ အပိုင်း ၃ တွင် မဲပေးသူ ၂ ဒသမ ၇၉ သန်း စုစုပေါင်း ရွေးကောက်ပွဲ ၃ ခုစလုံးတွင် မဲပေးသူ ၁၃ ဒသမ ၁၄ သန်းဖြင့် မဲပေးသူ ၅၄ ရာခိုင်နှုန်းကျော် ၅၅ ရာခိုင်နှုန်းဝန်းကျင်ရှိခဲ့ကြောင်း၊ မဲပေးခွင့်ရှိသူ ၂၄ ဒသမ ၂၂ သန်းရှိပြီး မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်းဖြစကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
လက်ရှိ ရွေးကောက်ပွဲမှာ သတင်းမီဒီယာများ၊ သံတမန်များ၊ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအဖွဲ့များ၏ ရှေ့မှောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည့်အပြင် မင်းအောင်လှိုင်ကိုယ် တိုင် ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းလုံးတွင် ကွင်းဆင်းစစ်ဆေးခဲ့၍ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
” (မင်းအောင်လှိုင်)က ရွေးကောက်ပွဲ အပိုင်း ၃ လုံးမှာ မဲဆန္ဒနယ်ရှင် ပြည်သူများနဲ့ တိုက် ရိုက်ထိတွေ့ပြီး ဆန္ဒမဲပေးရတဲ့အကြောင်းတွေ၊ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်မှုတွေ၊ ဆန္ဒမဲပေးတဲ့နေရာတွေကို လိုက်လံတွေ့ဆုံ မေးမြန်းခဲ့တာတွေကို မိဘပြည်သူများတွေ့ရမှာ ဖြစ်ပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
ရွေးကောက်ပွဲအပိုင်း ၃ ခုစလုံးတွင် စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီကလွှတ်တော်အမတ်နေရာ ၇၅ ရာခိုင်နှုန်းကျော် အနိုင်ရရှိထားပြီး ကြံ့ဖွတ်ပါတီမှ အမတ်များဖြင့် အစိုးရအဖွဲ့ဖွဲ့စည်းနိုင်ပြီဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ထုတ်ပြန်ပြောဆိုထားသည်။




