24 C
Yangon

ကရင်နီပြည်၊ မယ်စဲ့ အကျဉ်းထောင်မှ လွတ်မြောက်လာသော စစ်သုံ့ပန်း စစ်သား ၆၈ ဦးကို ထိုင်းစစ်တပ်က မြန်မာစစ်တပ်ထံသို့ ပြန်လည် လွှဲပြောင်းပေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ကရင်နီပြည်၊ မယ်စဲ့ အကျဉ်းထောင်မှ လွတ်မြောက်လာသော စစ်သုံ့ပန်း စစ်သား ၆၈ ဦးကို ထိုင်းစစ်တပ်က မြန်မာစစ်တပ်ထံသို့ ပြန်လည် လွှဲပြောင်းပေးလိုက်ကြောင်း ထိုင်း-မြန်မာနယ်စပ် သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁ နာရီခန့်အချိန် မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်တွင် စစ် တပ်ဘက်မှ စစ်သုံ့ ပန်း အကျဉ်းသား ၈၂ ဦး ဝန်းကျင်ခန့်မှာ လက်နက်ငယ် ၉ လက်နှင့်အတူ ထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်း၊ ထိုသို့ ထွက်ပြေးသွားသူများအနက် စစ်အရာရှိပိုင်စိုးသူ အပါအ၀င် စစ်သုံ့ပန်း ၆၈ ဦးမှာ ထိုင်းဘက်သို့ ရောက်ရှိသွားကြောင်း၊ အဆိုပါ ထွက်ပြေးသွားသော စစ်သုံ့ပန်း ၆၈ ဦးကို ထိုင်းအာဏာပိုင်များက ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်း မြ၀တီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားမှ တဆင့် မြန်မာစစ်တပ်ထံသို့ ပြန်လည် လွှဲပြောင်းပေးလိုက်ကြောင်း သိရှိရသည်။

“လွှဲပြောင်းမှုမှာ အဓိက ထိုင်းစစ်တပ်က ဦးဆောင်ပြီး ပြန်လွှဲပေးတာလို့ သိရတယ်။ စစ်သုံ့ပန်းတွေဆီက လက်နက်တချို့ကိုတော့ သိမ်းလိုက်တယ်လို့သိရတယ်” ဟု ထိုင်း-မြန်မာနယ်စပ် သတင်းရင်းမြစ်က ပြောဆိုသည်။

ကရင်နီပြည်၊ မယ်စဲ့ထောင်မှာ တော်လှန်ရေးကာလဖြစ်သောကြောင့် သစ်သား၊ ဝါး၊ သံဆူး ကြိုးများသာ ကာရံထားသည့် အကျဉ်းထောင်တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ လေ ကြောင်း ရန်ကို ကာကွယ်နိုင်ရန်အတွက်လည်း ပြင်ဆင်ထားရသောကြောင့် အဆောက် အအုံများမှာ ခိုင်ခံမှု အားနည်းကြောင်း၊ ထို့အပြင် အကျဉ်းထောင်ဝန်ထမ်းအင်အားနည်းပါးမှုကြောင့်လည်း ယခုကဲ့သို့ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ကရင်နီပြည်ကာလအုပ်ချုပ်ရေးကောင်စီ -IEC အထွေထွေအတွင်း ရေးမှူး -၂ ဗညား ခွန်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယင်းအကျဉ်းထောင်အတွင်းမှ ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများမှာ တပ်မ ၆၆ မှ လက်အောက်ခံ တပ်များမှ စစ်သားများဖြစ်ပြီး မယ်စဲ့မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိခဲ့သော စစ်သုံ့ပန်းများ ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article