By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၂၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကုလသမဂ္ဂ နဲ့ အာဆီယံအပါအဝင် နိုင်ငံတာအများစုက မြန်မာနိုင်ငံမှာ စစ်တပ်က လုပ်တဲ့ ရွေးကောက် ပွဲ ဟာ လွတ်လပ်ပြီးတရားမျှတမှုမရှိတဲ့အတွက် လက်မခံဘူးလို့ အသီးသီး ပြောဆိုနေ ကြရုံတင်မက ပြည်တွင်းမှာလဲ မဲပေးမဲ့သူ အလွန်နည်းပါးပြီး ခြောက်ခြောက်ကပ်ကပ်နဲ့ ပြီးဆုံးခဲ့ရတဲ့ ရွေးကောက်ပွဲကို စစ်တပ်ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းကတော့ သူတို့ရဲ့ရွေးကောက်ပွဲဟာ မဲလာပေးသူ ၅၄ ရာခိုင်နှုန်းရှိတဲ့အကြောင်းနဲ့ မင်းအောင်လှိုင်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့တဲ့အတွက် လွတ်လပ်တရား မျှ တတယ်ဆိုပြီး ပြောဆိုနေပြန်ပါတယ်။
– စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က တရုတ်နှင့် စစ်တပ်တို့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေတဲ့ ကြေးစင်တောင်စီမံကိန်းက ကြေးနီတန်ချိန် ၁ သောင်းကျော်ကို နေပြည်တော်စစ်ရုံးနဲ့ ဦးပိုင်ကုမ္ပဏီ ဆီ အသိမပေးဘဲ စစ်တပ်အရာရှိတချို့က ရန်ကုန်ကို ခိုးထုတ်သွားခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို အသိပေးပြောဆိုလာပါတယ်။
– အကြမ်းဖက် စစ်တပ် ထိန်းချုပ်ထားတဲ့ မန္တလေးမြို့ပေါ်က နန်းတွင်းထဲမှာရှိတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့တယ်လို့ မြို့နေပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို အသိပေးပြောဆိုလာပါတယ်။
– အီရန်နဲ့ အမေရိကန်အကြား တင်းမာမှုမြင့်တက်နေတဲ့အချိန်မှာပဲ အမေရိကန် လေယာဉ်တင်သင်္ဘော အုပ်စုကြီးဟာ အီရန်နိုင်ငံကို တိုက်ခိုက်လို့ရနိုင်တဲ့ အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ကို ရောက်ရှိသွားပြီဖြစ်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




