22 C
Yangon

လှိုင်သာယာမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကို ၄၀ မမ ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကို ၄၀ မမ ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း URBAN SPECIAL OPERATION (U.S.O) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၁၁ နာရီ ၃ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို မြို့ပြ အထူးစစ်ဆင်ရေး ရဲဘော်များက ၄၀ မမ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“မဲလက်မှတ်တွေကို စီစစ်မှု လုပ်နေတဲ့ချိန် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ အတွင်းသတင်းအရ ရုံးကိုတော့ ထိမှန်အောင်ဝောာ့ လုပ်နိုင်ပါတယ်။ ထိခိုက်မှုတော့ရှိနိုင်ပါတယ်။ အဲ့နေရာမှာက တောက်လျှောက် လုံခြုံရေးတင်းကျပ်နေချိန်ဆိုတော့ ထိခိုက်မှုအတိကျတော့ မစုံစမ်ရသေးဘူး။ စစ်ကောင်စီ ရွေးကောက်ပွဲကို ပြည်သူနဲ့ အတူ အသိအမှတ်မပြုကြောင်းနဲ့ အတင်းအကျပ်ခြိမ်းခြောက်

မဲထည့်ဖို ခိုင်းစေမှုတွေ အဲ့နေ့မှာကို ရှိနေတာကြောင့် စစ်ဆင်ရေး ပြန်စတင်မှာမို့ ပြည်သူတွေ သတိထားသွားလာကြဖို့လည်း မှာချင်ပါတယ်” ဟု URBAN SPECIAL OPERATION (U.S.O) အဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲကို အသိမှတ်မပြုကြောင်း နှင့် ပြည်သူများကို အတင်းအကျပ် ခြိမ်းခြောက် မဲထည့်ရန်ခိုင်းစေမှုများ ရှိခြင်းကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ နောက်နောင်တွင် ပြည်သူများကို မတရားမှုများ ပြုလုပ်ရန် ကြံဆောင်နေသော အကြမ်းဖက် စစ်အုပ်စုတို့၏ စီးပွားရေးပိုင်ဆိုင်မှုများအပြင် ပတ်သက်ဆက်နွယ်သူများ၊ ပက်သက်ဆက်နွယ်မှုများကို စစ်ရေးပစ်မှတ်တစ်ခုအဖြစ် မဟာမိတ်များနှင့်ပူးပေါင်း၍ စစ်ဆင်ရေးအား ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း URBAN SPECIAL OPERATION (U.S.O) အဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article