34 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အပြည်ပြည်ဆိုင်ရာကုလသမဂ္ဂတရားရုံး ICJ မှာ မြန်မာနဲ့ ဂမ်ဘီယာနှစ်နိုင်ငံကြား ရိုဟင်ဂျာအရေး အမှုကို အပြီးသတ်လျှောက်လှဲချက်တွေ ပြီးသွားတာကြောင့် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှု ရှိ၊ မရှိ ဆုံးဖြတ်ဖို့အချိန်ရောက်ရှိလာပါပြီ။ ICJ တရားသူကြီးတွေက မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့လား၊ မကျူးလွန်ခဲ့လားဆိုတာကို ဆုံးဖြတ်ရမယ့် အရေးပါဆုံးစီရင်ချက်ကို စီရင်ဆုံးဖြတ်ရမယ့်အဆင့်ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

– စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ပြန်လည်စစ်တင်လိုက်ပြီး စစ်တပ်ကာကင်းစခန်းတစ်ခုကို သိမ်းပိုက်ရရှိထားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသက ဟဲပါးကျေးရွာကို KIA ပူးပေါင်းတပ်တွေက ပြန်လည်သိမ်းပိုက်လိုက်ပြီး SNA နဲ့ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားကာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

– အီရန်နိုင်ငံက အမေရိကန်နဲ့ တရားမျှတတဲ့ ဆွေးနွေးညှိနှိုင်းမှုလုပ်ဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ခြိမ်းခြောက်မှုတွေအောက်မှာတော့ မဆွေးနွေးနိုင်ဘူးလို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး က ပြတ်ပြတ်သားသား ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article