ရန်ကုန်၊ ဇန်နဝါရီ ၃၁
စစ်ကိုင်းမြို့၊ စစ်ကိုင်းတက္ကသိုလ်ဝင်းအတွင်းရှိ စစ်တပ်၊ စစ်ဆေးရေးဂိတ်နှင့် ပြည်သူ့နေအိမ်တွင် တပ်စွဲထားသော စစ်သားများကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးသွားကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့ စစ်ကိုင်းမြို့ စစ်ကိုင်းတက္ကသိုလ်ဝင်း အတွင်းနှင့် စစ်ကိုင်းတက္ကသိုလ်ဝင်း ရှေ့တွင် တပ်စွဲ ထားသော စစ်တပ်ဂိတ်၊ ယင်းဂိတ်အနီးအနား ပြည်သူပိုင် ၃ ထပ်တိုက်တွင် တပ်စွဲထားသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ဘက်မှ စစ်သား ၆ ဦသေဆုံးကာ၊ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း၊ တိုက်ပွဲပြီးချိန်အထိ စစ်ကိုင်း တပ်မ ၃၃ နှင့် စစ်ကိုင်းခရိုင်ချင်းဆက်လမ်းနှင့် စာရေးလမ်းခွဲတွင် တပ်စွဲထားသောဂိတ် တို့က လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
“တက္ကသိုလ်ဝင်းရှေ့က စစ်ဆေးရေး ဂိတ် အတွင်းနဲ့ ပြည်သူပိုင်နေအိမ် ၃ ထပ်တိုက်ကို အပိုင်စီးထားပြီး မတရား ဝင်ရောက်နေထိုင်တဲ့ ခွေးက ၃၀ ဝန်းကျင်ရှိတယ်။ နောက်ပြီး စစ်ကိုင်းတက္ကသိုလ်ဝင်း ဝန် ထမ်း အဆောင်တွေပေါ်မှလည်း စခ အင်အား အများကြီး ရှိသေးတယ်။ အခုအချိန်အထိတော့ စစ်သားမျက်မြင် ၆ ဦး သေတာပဲ သိရသေးတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ အများကြီးပဲ။ ကျနော်တို့ တက်လုံးတဲ့အချိန် ခွေးဘက်က စက်လက်တွေနဲ့ အဆက်မပြတ် ရမ်းပစ်လို့ ပြန်ဆုတ်ခဲ့ရတာ၊ ကျနော်တို့နဲ့ စစ်ဆင်ရေးကို ပူးပေါင်း လက်တွဲပြီး လုပ်ဆောင်လိုတဲ့ မဟာမိတ်အဖွဲ့တွေကိုလည်း ကျနော်တို့က ဖိတ်ခေါ် ကြိုဆိုပါတယ်လို့ “ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူကပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ ရဲဘော်များ လုပ်ဆောင်ခဲ့ခြင်းကြောင်း၊ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ စစ်ကိုင်းမှ မကြာမီအချိန်အတွင်း တွင် စစ်ဆင်ရေးတစ်ခု ဖော်ဆောင်ရန်ရှိပြီး ပူးပေါင်းလက်တွဲ လိုသည့် မဟာမိတ်အဖွဲ့များအား ကြိုဆိုလျက်ရှိကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူကဆက်လက်ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ဗိုလ်ကြီးသက်ထွန်းမောင်းနှင်လာသောအိမ်စီးကားကို ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ဗိုလ်ကြီးသက်ထွန်းမှာ ဒဏ်ရာအပြင်း အထန်ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် တောင်တွင်းကြီးမြို့နယ်၊ ပျဥ်းချောင်းကျေးရွာတွင် အထိုင် ချတပ်ဆွဲထားသော စစ်ကော်မရှင်တပ်ဖွဲ့မှ ဗိုလ်ကြီးသက်ထွန်း ဦးဆောင်ပြီး မောင်းနှင်ပြီး စစ်ကော် မရှင်တပ်သား ၆ ဦးလိုက်ပါလာသော မက်(ခ်)တူး အမျိုးစား အိမ်စီးကားအဖြူရောင်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက လမ်းပိုင်းတနေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ပျဉ်းချောင်းရွာအထိုင်နဲ့ ထောက်ကြံ့ကွင်းဂိတ်ကို အကူးအပြောင်းလုပ်တာ။ ထောက်ကြံ့ကွင်းဂိတ်က နေ ပျဉ်းချောင်းရွာအပြန်ကို ကျနော်တို့က ကြားဖြတ်တိုက်ခိုက်တာ။” ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကော်မရှင်တပ်သား အဏ္ဏဝါ၊ တပ်သားဖိုးကာ နှင့်အခြား တပ်သား တစ်ဦး စုစုပေါင်း ၃ ဦး သေဆုံးပြီး ဗိုလ်ကြီးသက်ထွန်းနှင့် တပ်သား ၂ ဦးမှာ အပြင်းထန်ဒဏ်ရာများ ရရှိပြီး မကွေးစစ်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသနေကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး) ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မကွေးတောင်တွင်းကြီးအထူးပြောက်ကျားတပ်ဖွဲ့ တို့မှ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
ဓာတ်ပုံ- တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးနေသော အကြမ်းဖက်ရဲ ၁ ဦး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




