31 C
Yangon

ကန့်ဘလူမြို့နယ်တွင် အင်အား ၁၀၀ ကျော် တပ်စွဲထားသော ကိုးထောင်ဘို့ရွာ စစ်‌တပ်အထိုင်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အင်အား ၁၀၀ ကျော် တပ်စွဲထားသော ကိုးထောင်ဘို့ရွာ စစ်‌တပ်အထိုင်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်း ကောလင်းနှင့် ဗန်း‌မောက်မြို့နယ်အစပ်တွင်ရှိနေသည့် အကြမ်းဖက်စစ်တပ်၏ ကိုးထောင်ဘို့ကျေးရွာ စစ်တပ်စခန်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အပါအဝင် မဟာမိတ်တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းစခန်းကို ဇန်နဝါရီလ ၂၈ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းတည့်ပိုင်းတွင် သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ အဆိုပါ စစ်တပ်စခန်းတွင် စစ်သားအင်အား ၁၀၀ ကျော် တပ်စွဲထားသော စခန်းဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲက ဇန်နဝါရီ ၂၈ရက် နေ့ မနက် ၅နာရီမှာ စတိုက်ခဲ့တာ။ စစ်တပ်က လေကြောင်းပစ်ကူ၊လက်နက်ကြီး ပစ်ကူတာတွေရှိခဲ့ပေမယ့် ကျနော်တို့ ရန်သူစခန်းကို ဇန်နဝါရီ ၃၀ ရက်နေ့ နေ့ခင်းပိုင်းမှာ အပြီးသတ်သိမးနိုင်ခဲ့တယ်။ ရန်သူ့ဘက်က လက်နက်ခဲယမ်းပစ္စည်း တွေလည်း ရတယ်။အ‌သေးစိတ်‌တော့စာရင်းမလုပ်ရ‌သေးဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်က ကိုးထောင်ဘို့ကျေးရွာ စစ်တပ်အထိုင်စခန်းကို လက်လွှတ်လိုက်ရသဖြင့် ဇန်နဝါရီလ ၃၀ ရက်နေ့ ည ၁၀ နာရီအချိန် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article