27 C
Yangon

ပေါက်မြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

မကွေးတိုင်း၊ ပေါက်မြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း ပခုက္ကူခရိုင် တပ်ရင်း ၁၂ က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပေါက်မြို့နယ် ကပစ ၂၄ မှ ထွက်လာသော အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် ပေါက်မြို့နယ်တောင်ပိုင်း သစ်ချိုကုန်းပျူစောထီးရွာကို ဝင်ရောက် လာခဲ့ကြောင်း၊ ထို့နောက် စစ်ကြောင်းသည် သစ်ချိုကုန်း၊ ပင်တောင်၊ တပ်ကုန်း၊ ရွာသစ်၊ ကိုင်းလယ် (ရဲစခန်း) မှ စစ်သား၊ ရဲနှင့် ပျူစောထီးများ ပူးပေါင်း၍ အင်အား ၃၀၀ ခန့်ဖြင့် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်မှ စတင်ကာ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းထိုးလာသောကြောင့် ပခုက္ကူခရိုင်အမှတ် ၁၂ တပ်ရင်းမှ ရဲဘော်ဟိန်းထက် နှင့် ပေါက်မြို့နယ်၊ စမ်းရေခုံကျေးရွာမှ ဒေသပြည်သူ မောင်ဝေဖြိုးပိုင်တို့သည် ကျေးရွာအတွင်းမှ ပြည်သူများ အချိန်မှီ တိမ်းရှောင်နိုင်ရန် သွားရောက် ပြောကြားစဉ် ထန်းတောလည်ကျေးရွာ၌ စစ်တပ်စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ကာ ဖမ်းဆီးသတ်ဖြတ် ခံခဲ့ရကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၇ မိနစ်ခန့်တွင်အဆိုပါ စစ်တပ် စစ်ကြောင်း နှင့် ထန်းတောလည်ကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များ ၅ နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး ထိခိုက် ဒဏ်ရာရကာ တော်လှန်ရေး တပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်ပြီး တပ်ကုန်းပျူစောထီးရွာသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စစ်ကြောင်းသည် ပေါက်မြို့နယ်၊ တဲတော်ယာတောင်စုသို့ ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ယင်းနေ့ နံနက် ၈ နာရီမှ စတင်ကာ ညနေ ၅ နာရီထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁ ဦးသေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တဲတော်ယာတောင်စုမှ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူပြီး ရွာထဲမှ ပြန်လည် ထွက်ခွာလာစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် ၁ နာရီခန့် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကြောင်းမှူး ဝဏ္ဏနှင့် ဒုစစ်ကြောင်းမှူး ဆံရှည်တို့ ဦးဆောင်ပြီး ပခုက္ကူခရိုင် အမှတ် (၁) ၊ (၅) ၊ (၁၁) ၊ (၁၂) ၊ (၁၈) ၊ Young Revolution Front နှင့် ပေါက်မြို့နယ် ပ.က.ဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article