24 C
Yangon

ဖားကန့်မြို့တွင် စစ်အာဏာသိမ်း ဆန့်ကျင်ရေး လူထုလုပ်ရှားမှုနှင့် မြစ်ဆုံစီမံကိန်း ဆန့်ကျင်ကန့်ကွက်မှု ပြုလုပ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ကချင်ပြည်နယ် ဖားကန့်မြို့တွင် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ် စစ်အာဏာသိမ်း ၅ နှစ်ပြည့်အဖြစ် စစ်အာဏာသိမ်း ဆန့်ကျင်ရေး လူထုလုပ်ရှားမှုနှင့် မြစ်ဆုံစီမံကိန်း ဆန့်ကျင်ကန့်ကွက်မှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ဖားကန့်မြို့ပေါ်တွင် လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေသည့်ကြားမှ ဖားကန့်ပြည်သူများက “မြစ်ဆုံစီမံကိန်း အလိုမရှိ”၊ ” မြစ်ဆုံစီမံကိန်း ချက်ချင်းရပ်”၊ “ဖားကန့်က တော်လှန်ဆဲ ပုန်ကန်ဆဲ “၊ “ ပြည်သူသာအဓိက ဘယ်အာဏာရှင်စနစ်မှအလိုမရှိ”၊“ စစ်အာဏာသိမ်းမှု့ လုံးဝအလိုမရှိ”၊ “ အကြမ်းဖက်စစ်တပ် ဖြုတ်ချဖို့ ပြည်သူအားလုံးပါဝင်စို့”၊ ” နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ပြည်သူအားလုံးပူးပေါင်းပါဝင်စို့”၊ ”တရုတ်အစိုးရက အားပေး ကူညီထောက်ခံမှုဖြင့် မင်းအောင်လှိုင် ကျင်းပသော တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ကြ” စသည့် စာတန်းများကိုင်ဆောင်ကာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article