By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-နိုင်ငံတကာက အကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲကို အသိအမှတ်မပြုကာ တရုတ်နိုင်ငံက ကမကထ ပြုလုပ်တဲ့ ရွေးကောက်ပွဲဇာတ်ညွန်းဟာ ထူးထူးခြားခြားအပြောင်းအလဲဖြစ်လာစရာမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အဖွဲ့ဝင် ဦးမောင်မောင်အေးက ပြောပါတယ်။
– မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၂၇ ဦး သေဆုံးပြီး စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ် လို့ ဗမာ့တပ်တော် – BA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– မကွေးတိုင်း၊ ဆိပ်ဖြူမြို့ကနေ စလင်းမြို့နယ်ဘက်ကို ရိက္ခာနဲ့ ဓာတ်တိုင်တွေ လာရောက်ပို့ဆောင်တဲ့ အကြမ်းဖက်စစ်ယာဉ်တန်းကိုတိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံးပြီး ၂ ဦး အလင်းဝင်ရောက်လာတယ်လို့ ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
– ဗင်နီဇွဲလာသမ္မတဟောင်း နီကိုးလက်စ် မာဒူရို လက်ထက်မှာ တရုတ်ဟာ ဗင်နီဇွဲလားရေနံကို အဓိက ဝယ်ယူ သူဖြစ်ခဲ့ပြီး ဗင်နီဇွဲလားခေါင်းဆောင် မာဒူရို ရာထူးက ပြုတ်ကျသွားပြီးတဲ့နောက် ပျက်စီးနေတဲ့ စီးပွားရေးကို ပြန်လည်ကုစားဖို့ ကြိုးစားနေချိန်မှာ ဗင်နီဇွဲလားရဲ့ ရေနံလုပ်ငန်းမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီး မြှုပ်နှံမှု တွေကို “ကြိုဆိုတယ်” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်




