27 C
Yangon

မြန်မာစစ်တပ်လက်အောက်ခံ ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်၏သားဖြစ်သူ ပယ်ရင်ချန် အပါအဝင် ပယ်မိသားစုဝင် ၄ ဦးကို တရုတ်က ယနေ့ သေဒဏ်စီရင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မြန်မာစစ်တပ်လက်အောက်ခံ ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်၏သားဖြစ်သူ ပယ်ရင်ချန် အပါအဝင် ပယ်မိသားစုဝင် ၄ ဦးကို တရုတ်က ယနေ့ သေဒဏ်စီရင်လိုက်ကြောင်း တရုတ်နိုင်ငံက တရားဝင် သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံ Guangdong ပြည်နယ် တရားရုံး၏ ဆုံးဖြတ်ချက်အရ ကိုကန့် ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောကချိန်၏ မိသားစုဝင် ၄ ဦးဖြစ်သော ပယ်ရင်ချန်- Bai Yingcang ၊ Yang Liqiang ၊ Hu Xiaojiang နှင့် Chen Guangyi တို့ကို ကွပ်မျက်လိုက်ကြောင်း သိရသည်။

ပယ်ဆောက်ချိန် အပါအဝင် ပယ်မိသားစုဝင် ၅ ဦးကို ယခင်နှစ် နိုဝင်ဘာလအတွင်း ကျားဖြန့် လိမ်လည်မှု၊ လောင်း ကစားလုပ်ငန်းများ၊ လူကုန်ကူးမှုများ အပါအဝင် ရာဇဝတ်မှုများမှတဆင့် ယွမ်ငွေ ၂၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံခန့်) ကို မတရားရယူခဲ့ကြောင်း အပြစ်ရှိကြောင်း တွေ့ရှိရသဖြင့် သေဒဏ်စီရင်ခဲ့ခြင်းဖြစ်သည်။

ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်မှာမူ သေဒဏ်ချမှတ်ခံရပြီးနောက် နာမကျန်းဖြစ်၍ ယမန်နှစ်အတွင်း သေဆုံးသွားခဲ့ရသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ် လက်အောက်ခံ စစ်တပ်လက်အောက်ခံ ကိုးကန့်ပြည်သူ့ စစ်ခေါင်း ဆောင် မြီမိသားစုဝင် ၁၁ ဦးကို အွန်လိုင်းကျားဖြန့် လိမ်လည်မှု၊ လူသတ်မှုများအပါအဝင် ရာဇဝတ်မှုများဖြင့် တရုတ်အစိုးရက သေဒဏ်စီရင် ကွပ်မျက်ခဲ့သည်။

တရုတ်နိုင်ငံရှိ တရားရုံးက မြီမိသားစုဝင်များကို လူသတ်မှု၊ မတရားဖမ်းဆီးထိန်းသိမ်းမှု၊ လိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်မှု စသည့် ပြစ်မှုများဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် အပြစ်ရှိကြောင်း စီရင်ချက်ချပြီး သေဒဏ် အပြစ်ပေးခဲ့ပြီးနောက် ၄ လအကြာတွင် သေဒဏ်စီရင်ခဲ့ခြင်းဖြစ်သည်။

ကိုးကန့်ဒေသတွင် စစ်တပ်၏ ကျောထောက်နောက်ခံပေးမှုဖြင့် ပယ် မိသားစု၊ မြီမိသားစုတို့က ကာစီနိုလုပ်ငန်းများ အပျော် အပါး လုပ်ငန်းများ၊ အွန်လိုင်းကျားဖြန့် လိမ်လည်ရေးစခန်းများ ကို စနစ်တကျ လည်ပတ်ခဲ့ကြသည်။

တရုတ်အာဏာပိုင်များအဆိုအရ ပယ် မိသားစုက ကိုယ်ပိုင်လက်နက်ကိုင်အဖွဲ့တစ်ခုကို ထိန်းချုပ်ထားပြီး အွန်လိုင်းလိမ်လည်မှုနှင့် ကာစီနိုလုပ်ငန်းများအတွက် စခန်းပေါင်း ၄၁ ခုကို တည်ထောင်ခဲ့သည်။

အဆိုပါ စခန်းများအတွင်းတွင် အကြမ်းဖက်မှုများ၊ ထိုးနှက်ညှင်းပန်းမှုများကို နေ့စဉ်လိုလို ပြုလုပ်နေကြောင်း စုံစမ်းမှုများက ဖော်ပြခဲ့သည်။

တရားရုံးအဆိုအရ ပယ် မိသားစု၏ ရာဇဝတ်မှုများကြောင့် တရုတ်နိုင်ငံသား ၆ ဦး သေဆုံးခဲ့ပြီး လူတစ်ဦး သတ်သေသွားခဲ့ကာ အခြားလူအများအပြားလည်း ထိခိုက်ဒဏ်ရာရခဲ့ကြသည်။

ပယ် မိသားစုသည် ၂၀၀၀ ပြည့်နှစ်အစောပိုင်းတွင် လောက်ကိုင်မြို့ကို ထိန်းချုပ်နေသော ယခင်စစ်ခေါင်းဆောင် ဖုန်ကြားရှင်ကို ဖယ်ရှားခဲ့သည့် စစ်ရေးလှုပ်ရှားမှုနောက်ပိုင်း အာဏာရလာခဲ့ခြင်းဖြစ်ပြီး အဆိုပါ စစ်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူမှာ လက်ရှိ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖြစ်သည်။

ထိုအချိန်က စစ်တပ်ဘက်မှ ပူးပေါင်းလုပ်ကိုင်နိုင်မည့် မဟာမိတ်များကို ရှာဖွေနေပြီး ယခင် စစ်ခေါင်းဆောင်ဖုန်ကြားရှင်၏ လက်ထောက်ဖြစ်ခဲ့သည့် ပယ်ဆောက်ချိန်ကို မင်းအောင်လှိုင်က ယုံကြည်လက်တွဲခဲ့သည်။

ဒါပေမယ့် ၂၀၂၃ ခုနှစ်တွင် တရုတ်အစိုးရက မြန်မာစစ်တပ်၏ အွန်လိုင်းလိမ်လည်မှုများအပေါ် လုံလောက်စွာ မတုံ့ပြန်နိုင်ခြင်းကို မကျေနပ်လာပြီး ဒေသတွင်း လူမျိုးရေးလက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုကို အနည်းအပါး ထောက်ခံခဲ့ရာမှ ကိုးကန့် ပြည်သူ့ စစ်မာဖီးယားအင်ပါယာများ ပြိုလဲသွားခဲ့သည်။ နောက်ဆုံးတွင် ကျားဖြန့်လိမ်လည်ဂိုဏ်းများကို ဖမ်းဆီးနိုင်ခဲ့ပြီး အဖွဲ့ဝင်များကို တရုတ်ဘက်သို့ လွှဲပြောင်းပေးခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article