29 C
Yangon

ဘီးလင်းမြို့နယ်၊ တောင်စွန်းနယ်မြေရဲစခန်းမှ နယ်ထိန်း ရဲဒုတပ်ကြပ် ဇော်မင်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် တောင်စွန်းနယ်မြေရဲစခန်းမှ နယ်ထိန်း ရဲဒုတပ်ကြပ် ဇော်မင်းထွန်းကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဘီးလင်းမြို့ပြ အာဠာဝအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ဘီးလင်းမြို့နယ် တောင်စွန်းသံတားကြီး ကော့ကမယ်ကျေးရွာရှိ တောင်စွန်းနယ်မြေရဲစခန်းမှ နယ်ထိန်း ရဲဒုတပ်ကြပ် ဇော်မင်းထွန်းနှင့် ဒုရဲအုပ် ဖုန်းမြင့်နိုင်တို့သည် ကော့ကမယ်ကျေးရွာ အရက်ဆိုင်ကို အိမ်စီးကားဖြင့် လာရောက်ပြီး အရက်သောက်နေစဉ် တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း တောင်စွန်းနယ်မြေရဲစခန်းမှ နယ်ထိန်း ရဲဒုတပ်ကြပ် ဇော်မင်းထွန်းသည် နေရာတင် ပွဲချင်း ပြီးသေဆုံးခဲ့ပြီး ဒုရဲအုပ် ဖုန်းမြင့်နိုင်သည် ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ သေဆုံးသူထံမှ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

“အဲဒီရဲခွေးတွေက ပြည်သူတွေကို အရမ်း ဒုက္ခပေးနေလို့ သွားရှင်းတာပါ။ ကော့ကမယ်ကျေးရွာ အရက်ဆိုင်မှာ အရက်လာသောက်တုန်း ပစ်ခတ် တိုက်ခိုက်ခဲ့တာ နယ်ထိန်း ရဲဒုတပ်ကြပ် ဇော်မင်းထွန်းကတော့ ပွဲချင်းပြီးသေတယ်။ ဒုရဲအုပ် ဖုန်းမြင့်နိုင်ကတော့ ထွက်ပြေး လွတ်မြောက်သွားပါတယ်။ သူတို့က ကား တစ်ယောက်တစ်စီးနဲ့လာတာပါ “ဟု ဘီးလင်းမြို့ပြအာဠာဝ အဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။

ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ညနေပိုင်းတွင် အကြမ်းဖက် စစ်သားများ ရောက်ရှိလာပြီး ရဲဒုတပ်ကြပ် ဇော်မင်းထွန်း အလောင်းကို လာရောက် ကောက်ယူကာ ကော့ကမယ်ကျေးရွာ အရက်ဆိုင်မှ ဆိုင်ရှင်နှင့် အရက်လာသောက်သူများကို စစ်တပ်က ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article