29 C
Yangon

စစ်ကိုင်းမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် စစ်ကိုင်းမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ စစ်ကိုင်းမြို့နယ် မန္တလေး-မုံရွာ-ရွှေဘိုလမ်း နှင့် စစ်ကိုင်း ခရိုင်ချင်းဆက်လမ်းဆုံ ၊ ဆီဆိုင်ကွေ့ တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရန်လာသော စစ်တပ်ကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ် ရာရရှိသော စစ်သားများမှာလည်း ပတ်ဝန်းကျင်တွင် ပုန်းအောင်းနေခဲ့ကြောင်း၊ ယင်းနောက် ဒဏ်ရာရရှိသော စစ်သားများနှင့် သေဆုံးသွားသည့် စစသားအလောင်းများကို ကို တပ်မ ၃၃ မှ အိမ်စီးကား ၁၀ စီးဖြင့် လာရောက် ခေါ်ဆောင် သွားကြောင်း သိရှိရသည်။

“စစ်ခွေး သေတာက ၅ ကောင်ပါ။ ပေါ်တာဆွဲဖို့လာတာ စစ်ခွေး အင်အား ၃၀ ဝန်းကျင်ပါ။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုး မရှိပါဘူး။ပြည်သူတွေလည်း အရေးကြီးကိစ္စမဟု တ်ရင် လမ်းကို မလိုအပ်ဘဲ မထွက်ကြဖို့ပြောချင်ပါတယ် “ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က လူအင်အား အများအပြား လိုအပ် နေသဖြင့် ပေါ်တာဆွဲဖမ်းဆီးမှုများ နေ့စဉ် ပြုလုပ်လျက်ရှိပြီး လူငယ်များ အထူးသတိထားကြရန် တိုက်တွန်းလိုကြောင်း၊ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ အနေဖြင့် စစ်တပ်နှင့်စစ်စခန်းများကို အချိန်မရွေး တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့က သတိပေး ပြောဆိုသည်။

ဓာတ်ပုံ- တနင်္သာရီတိုင်းတွင် စစ်ကားတစ်စီးကို တော်လှန်ရေးတပ်များက အနီးကပ်ပစ်ခတ်တိုက်ခိုက်စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article