26 C
Yangon

ဘီးလင်းတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေသော စစ်တပ်မဟာမိတ် KNU/KNLA (PC) ဒုခွဲမှူး ဟိန်းထက်အောင်(ခ) တုံတုံကြီး ပစ်ခတ်ရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအနီး ကော့ကတဲ့လမ်းဆုံတွင် လူငယ်တွေကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးနေသော ကရင်ငြိမ်းချမ်းကောင်စီ KNU/KNLA (PC) ဒုခွဲမှူး ဟိန်းထက်အောင်(ခ) တုံတုံကြီး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဘီးလင်းမြို့ပြအာဠာဝအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့တွင် ည ၁၀ နာရီ ၂၀မိနစ်ခန့် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအနီး ကော့ကတဲ့လမ်းဆုံတွင် လူငယ်များကို စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးနေသော ကရင်ငြိမ်းချမ်းကောင်စီ KNU/KNLA (PC) ဒုခွဲမှူး ဟိန်းထက်အောင်(ခ) တုံတုံကြီးကို တောင်စွန်းကျေးရွာအနီး ကော့ကတဲ့ လမ်းဆုံတွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကြောင့် KNU/KNLA (PC) ဒုခွဲမှူး ဟိန်းထက်အောင်(ခ) တုံတုံကြီးသည် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရှိရသည်။

“ပြည်သူကို လက်နက်နဲ့ ခြိမ်းခြောက် ပိုက်ဆံတွေတောင်း ပေါ်တာတွေလိုက်ဖမ်း ကားတွေဆိုင်ကယ်တွေ ဖမ်းလို့ ရှင်းလိုက်တာ၊ ဘိလီယက်ခုံ ရှေ့မှာ ကားရပ်ထားတဲ့အချိန် ပစ်တာ။ သူတို့က ညဘက် လူငယ်တွေကို လိုက်ဖမ်းတာလေ။ ဖမ်းပြီး တောင်း စားတာ။ ခွေးတွေနဲ့ အတူတူ အဲလို လမ်းဆုံတွေမှာ ညဘက် စောင့်ဖမ်းကြတာ။ ပိုက်ဆံ ပေးနိုင်ရင် ပြန်လွတ်တယ်။ မပေးနိုင်တဲ့သူ စစ်ထဲထည့်တယ်။ ဆိုင်ကယ် ကားပါရင်သိမ်းတယ်။ က KNU/ KNLA (PC) ဒုခွဲမှူးအဖွဲ့ နဲ့ စစ်ခွေးပေါင်းပြီး ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအနီး ကော့ကတဲ့လမ်းဆုံတွင် လူငယ်တွေကို ပေါတာဆွဲဖမ်းဆီးတာတွေလုပ်တယ်။ အဲဒါကြောင့် တောင်စွန်းကျေးရွာအနီး ကော့ကတဲ့ လမ်းဆုံမှာဘဲ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ သူ့ကို သေနတ် ၆ချက်နဲ့ ပစ်ခဲ့တာပါ။ “ဟု ဘီးလင်းမြို့ပြအာဠာဝ အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါပစ်ခတ်ရှင်းလင်းမှုကို ဘီးလင်းမြို့ပြအာဠာဝ အဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ပစ်ခတ်ခဲ့သူများ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article