26 C
Yangon

မြင်းခြံမြို့နယ်တွင် စစ်တပ်က ယနေ့ ညပိုင်းထိ ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့မှု စာသင်ကျောင်းများ အပါအဝင် နေအိမ်အများအပြား မီးလောင်ပြာကျ၊ ရေဖြူတွင်လည်း စစ်တပ်က ကျေးရွာများကို ဆက်တိုက် မီးရှို့နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းထိ ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့ ဖျက်ဆီးခြင်းကြောင့် စာသင်ကျောင်းများ အပါအဝင် နေအိမ် အများအပြား မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်အစောပိုင်းမှ စတင်ပြီး မြင်းခြံမြို့နယ်၊ အေးရွာကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်တော်သာရွာ၊ တန်းဆောင်းရွာ၊ နတ်ညွန်းရွာနှင့် ဒါးကျွန်း တောင်ရွာ၊ မြောက်ရွာ တို့ကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် နတ်ညွန်းရွာအတွင်းရှိ စာသင်ကျောင်းများ အပါအဝင် နေအိမ် အများအပြား မီးလောင် ပြာကျခဲ့ပြီး ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများအတွင်း တပ်စွဲထားပြီး နေအိမ်တချို့လည်း ဆက်လက် မီးလောင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ပြည်တော်သာရွာ၊ တန်းဆောင်းရွာ၊ နတ်ညွန်းရွာနှင့် ဒါးကျွန်း တောင်ရွာ၊ မြောက်ရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးတွေက ကျေးရွာ စာသင်ကျောင်းပါ မီးရှို့ဖျက်ဆီးသွားတယ်။ အခုညပိုင်းထိ နေအိမ်တချို့ မီးလောင်နေတုန်းပဲ ဘယ်သူမှလည်း သွားမငြိမ်းရဲဘူး။ စစ်ခွေး စစ်ကြောင်းက ရွာတွေထဲမှာရှိသေးတယ်။ နတ်ညွန်းကတော့ စာသင်ကျောင်းပါ မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က သစ်တိုထောင့်ရွာနှင့် ရလိုင်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်ပြီး ရလိုင်ရွာကို စစ်ကြောင်းထိုးဝင်ရောက်စီးနင်းနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ နေအိမ်များကို ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ထိ ၂ ရက်ဆက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် သစ်တိုထောင့်ရွာကိုလည်း ယနေ့ နံနက်ပိုင်းတွင် ထပ်မံ ဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဆက်လက် မီးရှို့နေကြောင်း သိရသည်။

“နေအိမ်ပျက်စီးမှု အခြေအနေကိုတော့ မသိသေးဘူး။ စစ်ခွေး စစ်ကြောင်းက ရွာထဲမှာရှိနေသေးတော့ ပျက်စီးမှု အတည်မပြုနိုင်သေးတာ တိုက်ပွဲဖြစ်တာမရှိပါဘူး။ စစ်ခွေးတွေက ပြည်သူတွေနေထိုင်တဲ့ နေထိုင်ရွာကို ရည်ရွယ်ချက်ရှိရှိ ဝင်ရောက် ဖျက်ဆီးနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article