26 C
Yangon

တန့်ဆည်မြို့နယ်၊ သစ္စေးကုန်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာတော်နှင့် ကိုရင်ငယ် အပါအဝင် ပြည်သူ ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သစ္စေးကုန်းရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆွမ်းဘုန်းရန် ပြင်ဆင်နေသည့် သံဃာတော်နှင့်ကိုရင်ငယ် အပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း Monywa Revolution မှ တာဝန်ရှိသူနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်အချိန် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက တန့်ဆည်မြို့နယ်၊ သစ္စေးကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဘုန်းကြီးကျောင်းအတွင်း ဆွမ်းစားနေသည့် သံဃာတော်များ အပါအဝင် ပြည်သူများ ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဗုံးကျဲတိုက်ခိုက်ပြီးနောက် ဒေသပြည်သူများ နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် သံ ဃာတော် ၁ ပါးနှင့် ပြည်သူ ၄ ဦး၏ ရုပ်အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်ရှိနေသော ရုပ်အလောင်း ၂ ခုကို ဆက်လက်ရှာဖွေနေကြောင်း သိရှိရသည်။

“စစ်ခွေးတွေက သစ္စေးကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို သံဃာတော်တွေ ဆွမ်းစားဖို့ ပြင်ဆင်နေတုန်းဗုံးကျဲသွားတာ ကျနော်တို့ သိရတာတော့ ၇ ဦးသေဆုံးတယ်။ အလောင်းကတော့ ၅ လောင်းပဲ ရှာတွေ့သေးတယ်။ ၂ လောင်းကရှာမတွေ့သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း တန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကော်တက်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၂၀၀ ဗုံး ကျဲချတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ် ၃ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article