26 C
Yangon

တရုတ်နိုင်ငံသားဟု ယူဆရသူများက မြန်မာနိုင်ငံကူးလက်မှတ်များဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာရန် ကြိုးစားမှု ထိုင်းအာဏာပိုင်များက ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

တရုတ်နိုင်ငံသားဟု ယူဆရသူတချို့က မြန်မာနိုင်ငံကူးလက်မှတ်များဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သု၀ဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာရန် ကြိုးစားမှုကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက ဖမ်းဆီးထားကြောင်း ထိုင်းအာဏာပိုင်များနှင့်နီးစပ်သော သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၈ နာရီအချိန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သု၀ဏ္ဏဘူမိလေဆိပ်တွင် မြန်မာနိုင်ငံသား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော MR. YOUK HONG KYONE၊ MS. WANG PAUK YEE ၊ Mr. YAN HTONE SON တို့ ၃ ဦးက နိုင်ငံတကာသို့ ထွက်ခွာရန် ကြိုးစားစဉ် ဖမ်းဆီးရရှိခဲ့ကြောင်း၊ ၎င်းတို့ ကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်များမှာ ရန်ကုန်အခြေစိုက် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပေးထားခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း သိရှိရသည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာသံရုံးနှင့် မြန်မာအာဏာပိုင်များထံသို့ ဆက်သွယ်၍ MR. YOUK HONG KYONE၊ MS. WANG PAUK YEE ၊ Mr. YAN HTONE SON တို့ ကိုင်ဆောင်ထားသော မြန်မာနိုင်ငံကူးလက်မှတ်များမှာ အစစ်အမှန်ဟုတ်၊ မဟုတ် အတည်ပြုချက် တောင်းခံထားသော်လည်း မြန်မာနိုင်ငံဘက်က တစ်စုံတစ်ရာ အကြောင်းမပြန်သေးကြောင်း သိရှိရသည်။

MR. YOUK HONG KYONE သည် မြန်မာနိုင်ငံကူးလက်မှတ်ပါ ဖော်ပြချက်အရ အသက် ၄၃ နှစ် ရှိနေပြီဖြစ်ပြီး လောက်ကိုင်တွင် မွေးဖွားသူဟုလည်းကောင်း၊ MS. WANG PAUK YEE မှာ အသက် ၃၉ နှစ်ရှိနေပြီဖြစ်ပြီး ကွတ်ခိုင်တွင် မွေးဖွားသူဟု လည်းကောင်း၊ Mr. YAN HTONE SON မှာမူ အသက် ၄၅ နှစ်ရှိနေပြီဖြစ်ပြီး လားရှိုးတွင် မွေးဖွားသူဟု လည်းကောင်း မြန်မာနိုင်ငံကူးလက်မှတ်များတွင် ဖော်ပြထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article