26 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက် ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်မှုဟာ ငရဲခွေးကြီးကို ဘွဲ့ဝတ်ရုံဆင်မြန်းပေးမှုအဖြစ် ရန်ကုန်တက္ကသိုလ်ကြားကာလတက္က သိုလ်ကောင်စီ၊ ရန်ကုန်တက္ကသိုလ်ဆရာ၊ဆရာများအသင်းနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂတွေက ပြင်းပြန်းထန်ထန် ရှုတ်ချလိုက်ကြပါတယ်။

အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒအတွက် ခြိမ်းခြောက်မှုအဖြစ် မြန်မာနိုင်ငံအပေါ် အရေးပေါ် အခြေအနေကြေညာထားမှုကို သမ္မတထရမ့်က ၁ နှစ် ထပ်မံ သက်တမ်းတိုးလိုက်ပါတယ်။

-ရန်ကုန်-ဒလ တံတားအပြီးသတ်လုပ်ငန်းခွင်ကို အကြမ်းဖက် မင်းအောင်လှိုင် လာစစ်မယ်ဆိုပြီး ဒီကနေ့မနက်ပိုင်းမှာပဲ ရန်ကုန်မြစ်အတွင်း လှေနဲ့သမ္ဗာန်တွေအားလုံး သွားလာခွင့်ပိတ်ထားတဲ့အပြင် စစ်ကားတွေ ၊ စစ်ရေယာဉ်တွေနဲ့လည်း ကင်းလှည့်ပြီးတော့ လုံခြုံရေးတွေ တင်းကျပ်ထားပြန်တယ်လို့ ရန်ကုန်အခြေစိုက် ကင်းထောက် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

ရုရှားက နျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို အမေရိကန် သမ္မတ ထရန့်က ပယ်ချလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ရုရှားသမ္မတ ပူတင်ရဲ့ နျူကလီးယားလက်နက်ထိန်းချုပ်မှု ကန့်သတ်ချက်တွေကို ၁ နှစ်ကြာ ဆက်လက်ထိန်းသိမ်းထားဖို့ ကမ်းလှမ်းချက်ကို ကြာသပတေးနေ့မှာပဲ ပြတ်ပြတ်သားသား ပယ်ချလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article