31 C
Yangon

ရှမ်းပြည်ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းပြီး ရှမ်းပြည် အတွင်းရှိ အဖွဲ့အစည်းများ၊ လူမျိုးစုများအားလုံး ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲ ဦးဆောင်ကော်မတီကို ဖွဲ့စည်းလိုက်ပြီး ရှမ်းပြည်အတွင်း ရှိ အဖွဲ့အစည်းများ၊ လူမျိုးစုများအားလုံး ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားကြောင်း သျှမ်းပြည်အမျိုးသားညီလာခံ (ပထမအကြိမ်) ပြောရေးဆိုခွင့်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ ကမကထ ပြု၍ သျှမ်းပြည်အမျိုးသားညီလာခံ (ပထမအကြိမ်) ကို ဗဟိုဌာနချုပ်လွယ်တိုင်းလျဲန်းတွင် ကျင်းပနိုင်ခဲ့ကြောင်း၊ ယင်းညီလာခံတွင် သံဃာတော်များ၊ သျှမ်းပြည်အတွင်းရှိ လက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအစုအဖွဲ့များ၊ အရပ်ဖက်အဖွဲ့များ၊ လူငယ်အဖွဲ့ များ၊ မြို့နယ်အသီးသီးတို့၏ ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၅ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ညီလာခံတွင်သျှမ်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် အခြေခံမူ ၃၃ ချက်နှင့် အခြေ ခံ အခွင့်အရေးများ ၃၈ ချက်ကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ပြီး ယင်းအချက်များကို အကောင်အထည် ဖော်နိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် သျှမ်းပြည်နယ်ဖက်ဒရယ်ရေးရာ ဦးဆောင်အဖွဲ့ ကိုလည်း ကနဦးဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

“အခုကနဦး အခြေခံမူ ၃၃ ချက်ရယ်။ အခြေခံအခွင့်အရေး ၃၈ ချက်ကို အတည်ပြုပြီးတော့ သျှမ်း ပြည်ဖက်ဒရယ်ရေးရာ ဦးဆောင်ဖွဲ့ကို ဖွဲ့စည်းလိုက်တယ်။ ပြီးရင် ဒီအဖွဲ့နေပြီးမှ အခု အခြေခံ မူ ၃၃ ချက်နဲ့ အခြေခံအခွင့်အရေး ၃၈ ချက်ကို ချပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်တွေရော၊ အစုအဖွဲ့ တွေရော၊ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေရော၊ ရှမ်းပြည်နယ်အတွင်းမှာနေထိုင်တဲ့ လူနည်းစုတိုင်း ရင်းသားတွေရော၊ ပါဝင်နိုင်အောင် ဖိတ်ကြားမယ်။ ဖိတ်ကြားပြီး အကုန်လုံးပါဝင်လာတဲ့ ညီလာခံ တစ်ရပ်ကို ဆက်လက်ကျင်းပသွားမှာဖြစ်တယ်။ အဲဒီညီလာခံကနေမှ ဒီမူ ၃၃ ချက်ရယ်။ အခွင့်အရေး ၃၈ ချက်ရယ်ကို ပြန်လည်ချသွားမယ်၊ အဲဒီမှာ လိုအပ်ရင် ထပ်ဖြည့်မယ်။ ပိုနေရင် ပြန်တည်းဖြတ် မယ်။ အဲဒါပြီးရင် သျှမ်းပြည်ဖက်ဒရယ်ရေးရာ ကောင်စီဆိုပြီးတော့ ပြန်လည်ဖွဲ့စည်းသွားမှာဖြစ်ပါ တယ်။” ဟု သျှမ်းပြည်အမျိုးသားညီလာခံ (ပထမအကြိမ်) ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့ကြောင့် သျှမ်းပြည်နယ်အတွင်းရှိ လူမျိုးစုများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ရေရှည်တည် တံ့ သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူအခွင့်အရေးတို့ကို ဖော် ဆောင်နိုင်ရေး၊ သျှမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွန်းရေး၊ သျှမ်းပြည်နယ်ကို ကိုယ်စားပြု သော နိုင်ငံရေးစုဖွဲ့မှုတစ်ရပ် ပေါ်ထွန်းလာရေးတို.အတွက် သျှမ်းပြည် အမျိုးသားညီလာခံတွင် ပူး ပေါင်း ပါဝင်ကြပါရန် သျှမ်းပြည်အတွင်းရှိ အဖွဲ့အစည်းများ၊ လူမျိုးစုများအားလုံးကို ကမ်းလှမ်း ဖိတ် ခေါ်ပါကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article