34 C
Yangon

မြိုင်မြို့နယ်၊ ညောင်အုပ်ရွာဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု သံဃာတော် ၂ ပါးနှင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး ဘုရားစေတီပုထိုးများနှင့်ကျောင်းဆောင်များ ပျက်စီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မကွေးတိုင်း၊ မြိုင်မြို့နယ် အရှေတောင်ခြမ်း ညောင်အုပ်ရွာဘုန်းကြီးကျောင်းသို့ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ သံဃာတော် ၂ ပါးနှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုရားစေတီပုထိုးများနှင့်ဘုန်းကြီးကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးနှင့် မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန် ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၉ နာရီ ၅၆ မိနစ်အချိန် နှင့် ည ၁၀နာရီ ၁၅မိနစ်ခန့်အချိန် စစ်တပ်က တိုက် လေယာဉ် ၂ စီးဖြင့် မြိုင်မြို့နယ် အရှေတောင်ခြမ်း ညောင်အုပ်ရွာဘုန်းကြီးကျောင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ၂ ကြိမ် လေ ကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရခြင်း မရှိဘဲ ဘုန်းကြီးကျောင်းဆောင်နှင့် ဘုရားစေတီပုထိုးများ ထိခိုက်ပျက်စီးခဲ့​ကြောင်းသိရှိရသည်။

“ရွာရဲ့ အနောက်မြောက်ဘက် တောထဲကို လေကြောင်း တိုက်ခိုက်မှု တစ်ကြိမ်ကို ၂လုံး ၊ပေါင် ၂၅၀ ဗုံ ၂ လုံးနဲ့ ရွာလယ်ခေါင် ဘုန်းကြီး ကျောင်းပေါ့။ ဘုန်းကြီးကျောင်းထဲကို လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် ပေါင် ၂၅၀ ၂လုံးပေါ့။ တိုက်ခိုက်သွားတာ စေထီပုထိုး ကျောင်းဆောင်တွေ ပျက်စီးတာမျိုးတွေရှိတယ်။ စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်သွားတာပါ။ ပေါင် ၂၅၀ ဗုံး ၄ လုံး ပေါ့ “ဟု မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန် ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ်၊ ရွာသစ်ကြီးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို လေကြောင်းတိုက်ခိုက်မှုအတွင်း ကျေးရွာနေ ပြည်သူ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁ ဦးမှာ စိုးရိမ်ရပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် ထိခိုက်ဒဏ်ရာရရှိသူများကို မြိုင်မြို့နယ်ပကဖ က ဆေးကုသမှု ပေးနေကြောင်း သိရသည်။

“မနေ့ညပိုင်းက ညောင်အုပ်ရွာဘုန်းကြီးကျောင်းကို စစ်ခွေးတွေ ဗုံးကျဲတာက သံဃာတော် ၂ ပါးနဲ့ ဘုန်းကြီးကျောင်းမှာနေတဲ့ ကပ္ပိယ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာအခြေအနေတော့ မစိုးရိမ်ရဘူး” ဟု မြိုင်မြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article