By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်အင်အား၊ ရဲအင်အား၊ လူထုအင်အား စုစည်းပြီး အကြမ်း ဖက်သမားတွေကို နှိမ်နင်းမယ်ဆိုပြီး မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကော်မရှင် အစည်းအဝေးမှာ ထုတ်ဖော်ကြွေးကြော်နေပါတယ်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ လမြန်ရွာ တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်က စစ်သား ၄ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(pdf)နဲ့ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)တို့ လေးလကျော်ကြာ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို အကြမ်းဖက်စစ်အုပ်စုက ပြန်လည်ရရှိသွားတယ်လို့ စစ်တပ်ဝါဒဖြန့်သတင်းစာတွေမှာ မနေ့ကထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ အသုံးစရိတ်အတွက် အမေရိကန်ရဲ့ ကတိကဝတ်အကြွေးတွေ ပေးမလား၊ မပေးဘူးလားလို့ UN က အဖြေတောင်းနေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




