28 C
Yangon

ချောင်းဦးမြို့နယ်၊ ကျေးရွာများသို့ စစ်ကြောင်းထိုး လှည့်လည်နေသော စစ်တပ်စစ်ကြောင်းမှ မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲပြီး ဆေးကြောင် ကျန်ခဲ့သော စစ်သား ၁ ဦးကို အရှင်ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျေးရွာများသို့ စစ်ကြောင်းထိုး လှည့်လည်နေသော စစ်တပ်စစ်ကြောင်းမှ မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲပြီး ဆေးကြောင် ကျန်ခဲ့သော စစ်သား ၁ ဦးကို အရှင်ဖမ်းဆီးရရှိကြောင်း Youth Vigor Revolution Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ချောင်းဦးမြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲပြီး ဆေးကြောင်၍ ကျန်ခဲ့သော စစ်သား ၁ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ရေပိုးစားဘုန်းကြီးကျောင်းအနီးတစ်ဝိုက်တွင် အရှင်းဖမ်းဆီးမိခဲ့ကြောင်း၊ အဆိုပါ စစ်သားမှာ အသိစိတ်မကပ်ဘဲ ဆေးကြောင်ကြောင်း၊ လက်နက်ခဲယမ်း ပါဝင်ခြင်းမရှိဘဲ ယခုအခါ ၎င်းကို သက်ဆိုင်ရာသို့ အပ်နှံထားကြောင်း သိရှိရသည်။

” အလင်းဝင်လာတာမျိုးမဟုတ်ဘူး။ ချောင်းဦး နတ်ရေကန်အထိုင်စခန်းကနေ ကင်းပတ်ရင်းကနေဆေးကြောင်ပြီး ကျန်နေခဲ့တာ။ ကျနော်တို့ရဲဘော်တွေက ကင်းထွက်လာတဲ့ စစ်သားတွေကို ပစ်ဖို့ကင်းပုန်းဝပ်စောင့်နေတဲ့အချိန်မှာ အဲဒီ စစ်သားတစ်ယောက်ကိုယ်ဖမ်းမိခဲ့တာ၊ ဆေးကြောင်ပြီး ကျန်နေခဲ့တာ၊ အလင်းလာဝင်တာမျိုးမဟုတ်ဘူး။ ရေပိုးစားဘုန်းကြီးကျောင်းအနီးတဝိုက်ကမိခဲ့တာ၊ စစ်ခွေးကို အရှင်ဖမ်းတုန်းက လက်နက်ခဲယမ်းတွေ မပါပါဘူး။ စစ်ခွေး ၁ ဦးတည်းကို ဖမ်းမိခဲ့တာပါ။ အရှင်ဖမ်းမိတဲ့ စစ်ခွေးက ရိုးရိုးတပ်သားပါ”ဟု Youth Vigor Revolution Force မှ တာဝန်ရှိသူကပြောဆိုသည်။

အဆိုပါဖမ်းဆီးမှုကို Youth Vigor Revolution Force ၊ နွေဦး လူငယ်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်သားများ အနေဖြင့် နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့များဆီကို အလင်းဝင်ကြဖို့ Youth Vigor Revolution Force အဖွဲ့မှ အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article