26 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးရဲ့ ဘဏ်အကောင့်တွေကို ပိတ်ပင်ပြီး ရုံး မလည်ပတ်နိုင်အောင် အကြမ်းဖက်စစ်တပ်ဘက်က အဆက်မပြတ်ကြိုးပမ်းလုပ်ဆောင်ခဲ့ပေမယ့် စစ်တပ်ရဲ့လုပ်ရပ် မအောင်မြင်ခဲ့ဘူးလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက PVTV ကတစ်ဆင့် ပြည်သူတွေကို အသိပေးပြောဆိုခဲ့ပါတယ်။

အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ချင်းပြည်နယ် မရာနယ်မြေ အုပ်ချုပ်ရေး ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက်ပိုင်းမှာ ပိုမိုခိုင်မာတဲ့လက်တွဲပူးပေါင်းမှုတွေကို တည်ဆောက်သွားမယ်လို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

-ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ၅ ရက်ကြာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၅၈ တပ်ရင်းက ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

ကမ္ဘာတစ်ဝန်းကလူတွေကို ဒေါ်လာဘီလီယံနဲ့ချီ လိမ်လည်ခဲ့တဲ့ ကွန်ရက်ကြီးကို နောက်ကွယ်က ကြိုးကိုင်ခဲ့သူ ဘီလီယံနာလုပ်ငန်းရှင် ချန်ကျိရဲ့အမှုနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားအစိုးရဟာ အမေရိကန်၊ တရုတ်၊ ဗြိတိန်တို့နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကမ္ဘောဒီးယား အဆင့်မြင့်ဝန်ကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article