ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
မကွေးတိုင်း၊ ချောက်မြို့နယ်နှင့် မန္တလေးတိုင်း ညောင်ဦးမြို့နယ်အစပ်၊ ကျေးရွာများသို့ စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၁ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း Ayar Daungအဖွဲ့ မှ သတင်းနဲ့ ပြန်ကြားရေး ကိုရှိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၃ မိနစ်ခန့်အချိန် ချောက်မြို့နယ် ဆင်ကကျေးရွာမှ စစ်ကြောင်းထိုး လာသော အင် အား ၇၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို ဧရာဒေါင်းတပ်နှင့် မဟာမိတ်တပ်ဖွဲ့များက ချောက်မြို့နယ် ညောင်ဦးမြို့နယ် အစပ် စန်းကန်နှင့် ဘိုကုန်းရွာအကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၁ ဦး သေဆုံးကြောင်း၊ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုအနေဖြင့် ကျည်ဘောက် ၂ ဘောက်နဲ့ ၅.၅၆ ကျည် ၅၆တောင့်တို့ သိမ်း ဆည်းရမိခဲ့ကြောင်း သိရှိရသည်။
” စစ်ခွေး ၁ ဦး အရှင်မိတယ်။ လက်နက်ခဲယမ်းက ကျည်ဘောက် ၂ ဘောက်နဲ့ ၅.၅၆ကျည် ၅၆ တောင့်ပါတယ်။ အရှင်ဖမ်းမိတဲ့ စစ်သုံ့ပန်းက ခုခံလို့ ပစ်ခတ်ရှင်းလင်းလိုက်ပါတယ်။ စစ်ခွေး သေစာရင်း စုစုပေါင်း ၁၁ ဦးသေဆုံးတယ် “ဟု Ayar Daungအဖွဲ့ မှ သတင်းနဲ့ ပြန်ကြားရေး ကိုရှိန်းကပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဦးဆောင်ပြီး CRA ၊ ချောက်မြို့နယ် ပ.က.ဖ ၊ ပုဂံဗိုလ်ချိုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။




