စစ်တပ်၏အင်တိုင်းရွာ စခန်း နှင့် ကိုးတောင်ဘို့ရွာစခန်းတို့ကို ဆက်လက် သိမ်းပိုက်ထိန်းချုပ်ထား
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ပျူစောထီးစခန်း ၄ ခု ကို သိမ်းပိုက်ပြီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၉၆ ဦး သေဆုံးပြီး ဒုဗိုလ် မှူးကြီး အောင်မျိုးဦးအပါအဝင် ၁၀၁ ဦးအရှင်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။
ဇန်နဝါရီလ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကန့်ဘူလမြို့နယ်၊ ကိုးတောင်ဘို့ရွာ၌ ဗိုလ်ကြီး နောင် သူရ ဦးစီး ခလရ-၃၀၅ နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ဦးရှိ ပျူစောထီးစခန်းကို ကန့်ဘလူမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ကိုင်းတိုင်း ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) စုစည်းစစ်ကြောင်း နှင့် AA (EAOs) တို့ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီး နားလမ်းပေါ်ရှိ ပေကြီးရွာ နှင့် ငှက်ပျောတိုင်းရွာတို့၌ ဒု-ဗိုလ်မှူးကြီး အောင်မျိုးဦး ဦးစီး စစ်ကော်မရှင် နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၅ ဦးဖြင့် အထိုင်ချထားသော ပျူစောထီးစခန်းတို့ကို ကန့်ဘလူ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အထူးလှုပ်ရှားတပ်မ၊ ကန့်ဘလူခရိုင် ဒရုန်းအဖွဲ့၊ ကန့်ဘလူခရိုင် ကျေးရွာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (ပကဖ)၊ ကန့်ဘလူမြို့နယ်နှင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျွန်းလှမြို့နယ်ရှိ အင်တိုင်းရွာ၌ တပ်ကြပ်ကြီး အောင်အောင် ဦးစီး ခမရ-၃၆၁ နှင့် ပျူစောထီး ပူးပေါင်းအင်အား ၈၅ ဦးဖြင့် အထိုင်ချ ထားသော ပျူစောထီးစခန်းနှင့် ပျူ စောထီး ခေါင်းဆောင် ဇော်ကြီး ဦးစီး ပျူစောထီး အင် အား ၂၃ ဦးဖြင့် အထိုင်ချထားသော ရွှေပေါ်ကုန်းစခန်းနှင့် Power House စခန်းတို့ကို ကန့်ဘလူ ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF)၊ ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) လှုပ်ရှားအဖွဲ့၊ EROs(AA)၊ ကျွန်းလှမြို့နယ်/ တန့်ဆည်မြို့နယ် ပကဖ၊ ကန့်ဘလူခရိုင်အမှတ် ၁ စစ် ဒေသ ဒရုန်း တပ်ဖွဲ့၊ ခရိုင် လက်နက်ကြီးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်သိမ်း ပိုက်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ ကောလင်းမြို့မှ သရက်ခုံရွာသို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကိုလည်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ကိုင်း တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) စုစည်းစစ်ကြောင်း၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့၊ ကော လင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) နှင့် EROs (AA) တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၉၆ ဦး သေဆုံးပြီး ၃၈ ဦး ထိခိုက်ဒဏ်ရာရှိကာ စစ်ကော် မရှင်အဖွဲ့ဝင် ဒုဗိုလ်ကြီး အောင်မျိုးဦး အပါ ၁၀၁ ဦးကို ဖမ်းဆီးရရှိကြောင်း၊ ထို့အပြင် လက်နက်မျိုးစုံ ၁၈၇ လက်၊ ကျည်မျိုးစုံ ၂၄၆၅၂ တောင့်၊ ဗုံးသီးမျိုးစုံ ၅၃၀ လုံး၊ စစ်သုံးပစ္စည်းများနှင့် လူသုံးကုန် ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယင်း တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ Jet Fighter/ Y-12 တို့ ဖြင့် ၃၇ ကြိမ် ၊ Gyrocopter ဖြင့် ၄ ကြိမ်၊ ကာမီကာဇယ် ဒရုန်းဖြင့် ၄ ကြိမ် တိုက်ခိုက်ခဲ့ကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ သိမ်းပိုက်ရရှိသည့် ပေကြီးရွာစခန်းနှင့် ငှက်ပျောတိုင်းရွာစခန်းတို့မှ ပြန်လည် ဆုတ်ခွာခဲ့သော်လည်း အင်တိုင်းရွာ စခန်း နှင့် ကိုးတောင်ဘို့ရွာစခန်းတို့ကို ဆက်လက်ထိန်းချုပ်ထားကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန် သည်။






