31 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မြန်မာစစ်တပ်က ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတာတောင် ကမ္ဘာ့ခေါင်းဆောင်တွေက လျစ်လျူရှုနေပြီး ဘယ်သူ့အားကိုးရမှန်း မစဉ်းစားနိုင်တော့ဘူးလို့ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ်က ရိုက်တာသတင်းဌာနကို ပြောလိုက်ပါတယ်။

မြန်မာပြည်သူတွေကို အကာအကွယ်ပေးမည့် အမေရိကန်ရဲ့ BRAVE Burma Act ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်မှာ အတည်ပြုလိုက်ပြီး မြန်မာစစ်တပ်ကို ပိုမို ပိတ်ဆို့အရေးယူဖို့နဲ့ မြန်မာ့အရေးအတွက် အမေရိကန်သံတမန်ခန့်ဖို့ကိစ္စရပ်ပါ ပါဝင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့အတွက် တိုင်းရင်းသားအားလုံး လက်တွဲပြီး အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်အားလုံးကို ဖြိုချဖျက်ဆီးရမယ်လို့ KNU ဥက္ကဋ္ဌ က ပြောလိုက်ပါတယ်။

တရုတ်-ဂျပန် တင်းမာမှု မြင့်တက်နေပြီး ဂျပန် ဝန်ကြီးချုပ် တာကာအီချီ ရဲ့ ဆွေးနွေးရေးကမ်းလှမ်း မှုကို တရုတ်နိုင်ငံဘက်က ပယ်ချလိုက်ပြီး စကားနဲ့တင်မဟုတ်ဘဲ လက်တွေ့လုပ်ရပ်တွေပြဖို့ တုံ့ပြန်ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article