28 C
Yangon

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ် ၆၇ မှ ဒုဗိုလ်သန့်ဇင်အောင် ကျောင်းဆင်းပြီး ၂ လ အကြာ ၀ိုင်းမော်တိုက်ပွဲတွင် KIA၊ PDF လက်ချက်ဖြင့် သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

အကြမ်းဖက်စစ်တပ်၏ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ် ၆၇ မှ ဒုဗိုလ်သန့်ဇင်အောင် (ခ) သီဟအောင်မှာ ကျောင်းဆင်းပြီး ၂ လ အကြာ ၀ိုင်းမော်တိုက်ပွဲတွင် KIA၊ PDF လက်ချက်ဖြင့် သေဆုံးသွားကြောင်း ကာယကံရှင်မိဘများ၏ လူမှုကွန်ရက်တွင် ဖော်ပြချက်နှင့် တပ်အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရှိရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ ပြင်ဦးလွင် စစ်တက္ကသိုလ်မှ အမှတ် ၆၇ ဗိုလ်လောင်းသင်တန်းဆင်းခဲ့သော ဒုဗိုလ်သန့်ဇင်အောင်(ခ) သီဟအောင်မှာ ကျောင်းဆင်းပြီး ၂ လအကြာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့၊ ၀ိုင်းမော်မြို့ အနောက်ဘက်တိုက်ပွဲတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ကျောင်းဆင်းပြီး ဒုဗိုလ်အဖြစ် အပွင့်တငပြီးရင် ခွင့် ၁၀ ရက်ပေးပါတယ်။ ပြီးရင် သက်ဆိုင်ရာ တာဝန်ကျရာ နေရာတွေကို သွားရောက်ပြီး တာဝန်ထမ်းဆောင်ရပါတယ်။ အားလုံးကတော့ ရှေ့တန်းစစ်မြေပြင်ကို လွှတ်တာပါ။ DSA ၆၇ အများစုမှာ ရှေ့တန်းစစ်မြေပြင်ကို လွှတ်တာပါ” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ဒုဗိုလ်သန့်ဇင်အောင်(ခ) သီဟအောင် သေဆုံးခဲ့သော တိုက်ပွဲမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ ၀ိုင်းမော်မြို့ ၏ အနောက်ဘက် ရာဘာခြံနှင့် ငှက်ပျောခြံများအတွင်း တပ်စွဲထားသော ကာကင်းစခန်းများဖြစ်ပြီး ယင်းတိုက်ပွဲများတွင် KIA က စစ်တပ်၏ ကာကင်းစခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းအပြင် ဖေဖော်ဝါရီလ ၄ ရက်နေ့မှဖေဖော်ဝါရီလ ၉ ရက်နေ့အထိ စစ်တပ်နှင့် KIA တပ်များအကြား ၀ိုင်းမော်မြို့နယ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် ခလရ ၅၈ တပ်ရင်း၏ ကာကင်းစခန်း ၂ ခုကိုလည်း တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ၀ိုင်းမော်မြို့အခြေစိုက် ခလရ ၅၈ တပ်ရင်းကို ကာကွယ်ရန်အတွက် မြစ်ကြီးနားမြို့နယ်၊ဗလမင်းထင်တံတားအနီး၊ မိုင်းနားကျေးရွာ (မခေါယာန်) ရှိ မှန်ပြတောင်ပေါ်မှနေ၍ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article