25 C
Yangon

ဟိုပုံးမြို့နယ်​၊ နောင်တောင်းနှင့် ညောင်ဗက်ကျေးရွာတွင် ပြည်သူများ ပိုင်ဆိုင်သည့် မြေဧက ၅၆၁ ဒသမ ၇၅ ဧက စစ်တပ် လက်အောက်ခံ PNO နှင့် မြေပွဲစားများက သိမ်းယူပြီး ရွာသားများကို နှင်ထုတ်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုအတွင်းရှိ နောင်တောင်းနှင့် ညောင်ဗက်ကျေးရွာရှိ ပြည်သူများ ပိုင်ဆိုင်သည့် မြေများကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO နှင့် မြေပွဲစားများက သိမ်းယူကာ ရွာသားများကို နှင်ထုတ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စု နောင်တောင်းကျေးရွာအတွင်းရှိ မြေဧက ၅၆၁ ဒသမ ၇၅ ဧကကို နိုင်ငံတော်ပိုင်ဟုဆိုကာ PNO နှင့် မြေပွဲစားများ ပေါင်းကာ သိမ်းယူနေခြင်းဖြစ်ကြောင်း၊ ထို့နောက် ဒေသပြည်သူများ၏ အိမ်များကို ဖျက်ဆီး၍ မောင်းထုတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျူးကျော်မြေလို့ ခေါင်းစဉ်တပ်ပြီး ပြည်သူ့မြေတွေကို မတရားသိမ်းနေတာပါ”ဟု ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

လက်ရှိအချိန်တွင် နောင်တောင်းကျေးရွာရှိ ပြည်သူများမှာ မြေသိမ်းဆည်းခံရသည့် အပြင် အိမ်လည်း ဖျက်ဆီးခံထားရကြောင်း၊ မိမိတို့၏ သိမ်းခံထားရသည့် မြေတွင် အိမ်ပြန်ဆောက် နေလိုပါက သတ်မှတ်ရန်ပုံငွေ ပေးရန်ဟု စာထုတ်ထား၍ ကိုယ့်မြေကိုယ် ကျပ် သိန်း ၄၀ ပေး၍ ပြန်ဝယ်ရမည့်ဖြစ်စဉ်နှင့် ကြုံတွေ့နေရကြောင်း သိရှိရသည်။

နောင်တောင်းနှင့် ညောင်ဗက်ကျေးရွာများသည် ၁၉၉၂ ခုနှစ်တွင် စစ်တပ်၏ သိမ်းဆည်းခံခဲ့ရပြီး ၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်ကို ပြန်အပ်ခဲ့သည့် မြေများဖြစ်ကာ ပြည်သူများကို ပြန်ပေးရန် PNO ဥက္ကဋ္ဌ ခွန်စံလွင် ခေါင်းဆောင်သည့် ဦးစီးအဖွဲ့ကို တာဝန်ပေးထားသော်လည်း ပြန်မပေးဘဲ မြေကို ဆက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- PNO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယက အောင်ခမ်းထီနှင့် မင်းအောင်လှိုင်တို့ ၂၀၂၀ ခုနှစ်အတွင်း တွေ့ဆုံခဲ့စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article