28 C
Yangon

မြောင်မြို့နယ်၊ ဇရပ်ကုန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းနှင့် ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဂျိုင်ရိုကော်ပတာ ၁ စီး၊ ပါရာမော်တာ ၁ စီးဖြင့် မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို လေကြောင်း တိုက်ခိုက်မှုအတွင်း ဇရပ်ကုန်းကျေးရွာတွင် နေထိုင်သော အသက် ၄၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၂၉ နှစ်ရွယ် အမျိုးသား ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးလည်း ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက ရွာမြောက်ပိုင်းကို ကျဲသွားတာပါ။ ဇရပ်ကုန်းကျေးရွာက ယောက် ကျားလေး ၂ယောက်၊ မိန်းကလေး ၁ယောက် ထိခိုက်ဒဏ်ရာရတယ်။ အသက်အန္တရာယ်မစိုးရိမ်ရဘူး။ နွား ၃ကောင်သေတယ် ဝက် ၃ကောင်သေတယ်။ မွန်းလွဲ ၁နာရီကျော်လောက်က ဂျိုင်ရိုကော်ပတာ၊ ည၈နာရီလောက်ကျတော့ ပါရာမော်တာနဲ့ ကျဲသွားတာပါ။ မွန်းလွဲပိုင်းနှင့် ညပိုင်း ကျဲသွားတာက ပြည်သူ ၃ ဦးပဲ ထိခိုက်ဒဏ်ရာရတာပါ။ နေအိမ် ၂လုံးပျက်စီးတယ်။ ဗုံးသီး စုစုပေါင်း ၄လုံးကျဲ သွားတာပါ။ “ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ ၂၀၂၅ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံးသီး ၁ လုံးကျဲချပြီး ရော့ကတ်ဖြင့် ၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသား ၆ ဦးနှင့် အမျိုး သမီး ၅ ဦး စုစုပေါင်း ၁၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article