34 C
Yangon

ပုတီးကုန်းမြို့၊ ဘူးပြောရွာ စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ဆိုင်ကယ် ၂ စီး သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ ဘူးပြောရွာ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ဆိုင်ကယ် ၂ စီး သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း-၁ စစ်ထောက်လှမ်းရေး တာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် အစောပိုင်း ၆ နာရီခန့်တွင် ပုတီးကုန်းမြို့၊ ဘူးပြောရွာ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ဂိတ်စခန်းရှိ စစ်သားအားလုံး ဘူးပြောရွာအတွင်း ထွက်ပြေးသွားသောကြောင့် လိုက်လံပစ်ခတ်စဉ် ကျေးရွာနေအိမ်များ အကြားနှင့် အိမ်သာထဲတွင် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက ဂိတ်စခန်းကို ရှင်းလင်းရေး ပြုလုပ်စဉ် အကြမ်းဖက် စစ်သားများ၏ ဆိုင်ကယ် ၂ စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့နောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ဘူးပြောရွာက စစ်ခွေး ဂိတ်စခန်းကို ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တာပေါ့။ စစ်ခွေးတွေက ဂိတ်ကို ဆိုင်ကယ်နဲ့ လာတဲ့အချိန် မိုင်းကွင်းလုပ်ပြီး မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့တာ စစ်ခွေး သေတာက ၂ ကောင်သေတယ်။ ကျနော်တို့ ပစ်ခတ်တဲ့ အချိန်မှာ စစ်ခွေးတွေက ကျေးရွာအတွင်းကို ထွက်ပြေးသွားတယ်။ သူတို့ စီးလာတဲ့ ဆိုင်ကယ် ၂ စီးလည်း သိမ်းဆည်းနိုင်ခဲ့တယ်” ဟု ပြည်ခရိုင်တပ်ရင်း-၁ စစ်ထောက်လှမ်းရေး တာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၂၁) မှကွပ်ကဲ၍ ဗျူဟာ (၂၁) တိုက်ခိုက်ရေးအဖွဲ့၊ ပြည်ခရိုင်တပ်ရင်း (၁) တပ်ရင်းရုံး တိုက်ခိုက်ရေးအဖွဲ့ တပ်ခွဲ (၁) နှင့် ပြည်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၄) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article