By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက် ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၅ နှစ်အတွင်း ကျပ်ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းအထိကျဆင်းသွားတဲ့ အပြင် စီးပွားရေးကပ်ဘေးသင့်ပြီးတော့ ကမ္ဘာ့အပယ်ခံနိုင်ငံအဖြစ် မြန်မာနိုင်ငံရောက်ရှိသွားခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး ပါမောက္ခရှောင်တာနယ်က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်လာတဲ့အချိန်မှာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ ဘက်ပေါင်းစုံ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံခရစ်ယာန်အ သင်းတော်ပေါင်းစုံအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ကက်သလစ်ဂိုဏ်းချုပ်သာသနာ ဂိုဏ်းချုပ် ဆရာတော်ကြီး Charles Maung Bo က ပြောပါတယ်။
-ကရင်ပြည်နယ် မြ၀တီမြို့နယ်မှာရှိတဲ့ မြန်မာစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ BGF တပ်ထိန်းချုပ်ထား ရာ ရွှေကုက္ကိုလ် ဒေဿမှာ ထိုင်းနိုင်ငံသူ အမျိုးသမီး ၄ ဦးကို တရုတ်ရာဇဝတ်ဂိုဏ်းက ဖမ်းဆီးငွေညှစ်မှု ကို ထိုင်းအာဏာပိုင်တွေက ပြန်လည် ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံ၊ Matichon သတင်းဌာနက ဖော်ပြထားပါတယ်။
-အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံအပေါ် နျူကလီးယားသဘောတူညီချက်အသစ် အတွက် ဖိအားပေးဖို့ နောက်ထပ် ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘော ကို အီရန်နိုင်ငံအနီးက အရှေ့အလယ်ပိုင်းဒေသဆီ ထပ်မံ စေလွှတ်လိုက်ပါပြီ။ ပထမတော့ အဲ့ဒီ့လို နောက်ထပ် လေယာဉ်တင် သဘော်ကို အီရန်နိုင်ငံအနီး အရှေ့အလယ်ပိုင်းဆီ စေလွှတ်ဖို့ စဉ်းစားနေတယ်လို့သာ သမ္မတထရန့်က ပြောနေရာကန အခုတော့ အတိအလင်းကို ထပ်မံစေလွှတ်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။




