25 C
Yangon

ထိုင်း-မြန်မာနယ်စပ် ဘုတ်ပြင်းမြို့နယ်၊ စစ်တပ်နယ်ခြားစောင့်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ထိုင်း-မြန်မာနယ်စပ် ၊ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ရွာဟေ့လူ နယ်ခြားစောင့်တပ်စခန်းမှ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ၁ဝနာရီ ၄၅မိနစ်ဝန်းကျင်အချိန် ထိုင်း-မြန်မာနယ်စပ်၊ ဘုတ်ပြင်းမြို့နယ် ရွာဟေ့လူနယ်ခြားစောင့် တပ်စခန်းမှ စစ်သားများကို တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါထိတွေ့တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ ခန့်ကြာမြှင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ၊ ထိခိုက်ဒဏ်ရာရှိသူများလည်း ရှိကြောင်း၊ ဘုတ်ပြင်းမြို့နယ် ပကဖ ရဲဘော် ၁ ဦးကျဆုံးခဲ့ကာ ကျဆုံး ရဲဘော်အား ပြန်လည်သယ်ဆောင်၍ ဆုတ်ခွလာခဲ့ကြောင်းသိရှိရသည်။

“ကျနော်တို့ဝင်တိုက်တာက ရွာဟေ့လူနယ်ခြားစောင့်တပ်စခန်းက စစ်တပ်စစ်ကြောင်းကိုပါ။ ရွာဟေ့လူအခြေစိုက် စစ်ခွေးတွေ အထိုင်စစ်ခွေး စခန်းမှာ အင်အားက အဲဒီမှာ ၂၀၀ ၀န်းကျင်လောက်တော့ရှိမယ်။ စစ်ခွေးဘက်က လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတာမျိုး မရှိခဲ့ပါဘူး။ ကျနော်တို့ရဲဘော်ထိခိုက်တော့ သူ့ကိုအရပြန်သယ်ပြီး နောက်ကြောင်းပြန်ခေါက်လာရတာပါ။ ကျဆုံးသွားတဲ့ ကျနော်တို့ရဲဘော်‌တွေအတွက် ကျနော်တို့ပိုကြိုးစားပြီး ဆက်လက်တိုက်ဝင်သွားမယ်ဆိုတာလေးပဲပြောချင်ပါတယ်”ဟု တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ဘုတ်ပြင်းမြို့နယ် ပကဖ ၊ ကော့သောင်းခရိုင်အမှတ် ၁တပ်ရင်း တပ်ခွဲ ၂ နှင့် KTLA ဗိုလ်ချုပ်မြအထူးတပ်ရင်းပူးပေါင်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article